ဦးထွန်းမြအောင်(ခ) ဦးစောထွန်းမြအောင်(ဖာပွန် မဲဆန္ဒနယ်)

အမည်

ဦးထွန်းမြအောင်(ခ) ဦးစောထွန်းမြအောင်

အခြားအမည်

ဖိုးပိန်

လူမျိုး/ဘာသာ

ကရင်/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/လကန(နိုင်)၀၂၀၅၀၂

မွေးသက္ကရာဇ်/အသက်

၂၀-၃-၁၉၄၇/(၆၈)နှစ်

မွေးဖွားရာဇာတိ

ညောင်လေးပင်မြို့၊ အရှေ့ကျူချောင်းကျေးရွာ

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့(ပထဝီ)

လက်ရှိအလုပ်အကိုင်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတိုးဒီ၊ NBU-၁၂၂၁၂၂၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သိန်းမေ၊ NBU-၁၂၂၁၂၃၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြူကြူစန်း၊ ၁၂/လကန(နိုင်)၀၂၀၅၀၃၊မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မခင်ထက်ထက်အောင်မြင်၊ ၁၂/လကန(နိုင်)၁၃၈၉၈၁၊ ကုန်သည်

(၂) မစန်းထက်ရီဝင်း၊ ၁၁/ စတန(နိုင်)၀၅၁၇၈၁၊ စာရင်းစစ်

(၃) မောင်ဆန်းချစ်ရဲဝင်း၊ ၁၁/ စတန(နိုင်)၀၅၁၇၈၂၊ ကုန်သည်

အမြဲတမ်းနေရပ်လိပ်စာ

၁၅/၂၊ ဇင်ယော်လမ်း၊ ၁၄/၂ ရပ်ကွက်၊ မြင်သာ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပါတီအဖွဲ့ဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဖာပွန်မြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ညောင်လေးပင်မြို့၊ ကျူချောင်းကရင်ရွာ၊ မူလတန်းကျောင်း နှင့် ရွာမ(အ.ထ.က) အလွတ် ပညာသင်ကျောင်းတို့တွင် သင်ကြားခဲ့ပြီး ၁၉၆၄ ခုနှစ် မှ ၁၉၆၈ ခုနှစ်အထိ ရန်ကုန်တွင် ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ် တက်ရောက်ခဲ့သည်။ ၁၉၇၀ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ တပ်မတော်တွင်လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ သာသနာရေးဝန်ကြီးဌာနတွင် လည်းကောင်း၊ ၂၀၁၁ ခုနှစ် မှ ၂၀၁၅ ခုနှစ်အထိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ကျေးရွာစာကြည့်တိုက် လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ တပ်ရင်းမှူး ဘဝတွင် လက်အောက်ခံစခန်းတစ်ခု ကျဆုံး၍ တိုင်းမှူးမှ သတိပေး ဆုံးမခံရသည်။ အခြားအပြစ်မရှိပါ။