|
အမည် |
ဦးစိုးဌေး |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၉/မရတ(နိုင်)၀၁၂၄၀၉ |
|
မွေးသက္ကရာဇ်/အသက် |
၃-၁၁-၁၉၅၀/(၆၅)နှစ် |
|
မွေးဖွားရာဇာတိ |
ရွှေဂွန်းရွာ၊ လှိုင်းဘွဲ့မြို့ |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့၊ (စစ်တက္ကသိုလ်)၊ဒီပလိုမာ(စာရင်းကိုင်)၊ ဒီပလိုမာ(ကာကွယ်ရေး) |
|
လက်ရှိအလုပ်အကိုင် |
အငြိမ်းစားစစ်မှုထမ်း(ဗိုလ်မှူးချုပ်)၊ ကုမ္ပဏီအကြံပေး |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးရွှေချုပ်(ကွယ်လွန်)၊ BO-၀၀၆၃၉၀၊လယ်ယာကုန်သည် |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သန်းတင်(ကွယ်လွန်)၊ BO-၀၀၆၆၈၁၊စတိုးဆိုင် |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးအေးသင်း၊ ၂/ဗဟန(နိုင်)၀၅၅၀၉၇၊ ရတနာပစ္စည်းဆိုင်အကြံပေး |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မလီလီနွယ်၊၂/မလမ(နိုင်)၁၅၆၀၁၄၊ မှီခို (၂) မသင်းယမုံစိုး၊၂/မလမ(နိုင်)၁၅၆၀၁၅၊ မှီခို |
|
အမြဲတမ်းနေရပ်လိပ်စာ |
၈၁-E ၊ စုပေါင်းလမ်းသွယ်၊ အင်းယားမြိုင်လမ်း၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကော့ကရိတ်မြို့နယ် စည်းရုံးရေး |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကော့ကရိတ်မြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အခြေခံပညာကို အ.ထ.က(ရွှေဂွန်း)နှင့် အ.ထ.က(ဘားအံ)တို့၌ သင်ကြားခဲ့ပြီး စစ်တက္ကသိုလ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ မြန်မာနိုင်ငံ စာရင်းကိုင်သင်တန်းကျောင်း(မြန်မာနိုင်ငံစာရင်းကောင်စီ)တို့တွင် တက်ရောက်ခဲ့သည်။ ၁၉၆၇ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ စစ်တက္ကသိုလ်၊ ဗိုလ်လောင်း(၁၃)၊ ပြင်ဦးလွင်တွင် လည်းကောင်း၊ ၁၉၇၁ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ တပ်စုမှူး၊ တပ်ခွဲမှူး၊ စစ်ဦးစီး(တ)၊ ဗန်းမော်၊ ကသာ၊ သထုံ၊ ရန်ကုန်တို့တွင်လည်းကောင်း၊ ၁၉၈၅ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ဗိုလ်မှူး၊ စစ်ဦးစီး(ဒု)၊ ဒုရင်းမှူး၊ ရွှေကျင်၊ တောင်ငူ၊ မန္တလေး တို့တွင်လည်းကောင်း၊ ၁၉၉၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တပ်ရင်းမှူးစစ်ဦး(ပ)၊ ဟဲဟိုး၊ မော်လမြိုင် တို့တွင်လည်းကောင်း၊ ၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ဗျူဟာမှူး၊ ဒုတပ်မမှူး၊ ကျောက်မဲ၊ မိတ္ထီလာတို့တွင် လည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ် အထိ စကခမှူး (ကျောက်မဲ) တွင်လည်းကောင်း၊ ၂၀၀၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ စစ်သံမှူးကြီး၊ အမေရိကန်၊ မလေးရှား၊ ရုရှားတို့တွင်လည်းကောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အငြိမ်းစား(ဗိုလ်မှူးချုပ်)/ကုမ္ပဏီအကြံပေးအဖြစ်လည်းကောင်း၊၂၀၁၅ ခုနှစ်မှ ယနေ့ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေး၊ ကော့ကရိတ် တို့တွင် တာဝန်ထမ်းဆောင် ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ လှိုင်းဘွဲ့မြို့နယ်စည်းရုံးရေး၊၂၀၁၅ ခုနှစ်မတ်လမှ ယနေ့ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကော့ကရိတ်မြို့နယ် စည်းရုံးရေးတွင်လည်းကောင်း၊ လူရည်ချွန်အဖွဲ့ (အဖွဲ့ဝင်) ရန်ကုန်မြို့တွင်လည်းကောင်း၊ မိုးကုတ်ဝိပဿနာအဖွဲ့ (အကျိုးဆောင်) ဘားအံမြို့တို့တွင်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ စစ်မှုထမ်းဘဝတွင် လက်အောက်အရာရှိ အပြစ်လုပ်သဖြင့် အထက်အရာရှိ သတိပေးခံရဖူးပါသည်။ တပ်မတော်ရွှေရတု တံဆိပ်နှင့် စစ်မှုထမ်းကောင်းတံဆိပ်တို့ ချီးမြှင့်ခြင်းခံရ သည်။ |
