ဦးသူရိန်ဇော်( ကော့ကရိတ်မဲဆန္ဒနယ်)

အမည်

ဦးသူရိန်ဇော်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/ကတန(နိုင်)၀၀၄၆၈၁

မွေးသက္ကရာဇ်/အသက်

၂၂-၈-၁၉၅၈ /(၅၃) နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်မြို့

ပညာအရည်အချင်း

စီးပွားရေးပညာဘွဲ့ (ဘောဂဗေဒ)၊ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)

လက်ရှိအလုပ်အကိုင်

ဒုတိယဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးခင်မောင်သန်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ခင်အေး၊ အာရ်ဂျီအန် - ၀၀၀၇၈၅၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်အုန်းမြင့်၊ ၁၂/စခန(နိုင်) ၀၄၃၀၂၇၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ခန့်သူဇော်၊ ၁၂/ အစန(နိုင်) ၂၁၄၃၄၉၊ နည်းပညာတက္ကသိုလ် (ပထမနှစ်) လှိုင်သာယာ၊ ရန်ကုန်မြို့

အမြဲတမ်းနေရပ်လိပ်စာ

အိမ်အမှတ် ၁၂-က၊ ဂန္ဓမာလမ်း၊ ဈေးကုန်းအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်း

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကော့ကရိတ် မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က အစိုးရ အထက်တန်းကျောင်း အမှတ်(၁)ဒဂုံနှင့် အစိုးရ အထက်တန်းကျောင်း ရမည်းသင်း တိုတွင် ပညာဆည်းပူးခဲ့သည်။ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့ (ဘောဂဗေဒ)ကို ရရှိခဲ့သည်။ မှော်ဘီ ဗိုလ်သင်တန်းကျောင်းသို့ တက်ရောက်ခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)ကို ရရှိခဲ့သည်။ ခမရ(၁၃) စစ်ကိုင်း တိုင်းဒေသကြီးတွင် ၁၉၈၁ခုနှစ်မှ ၁၉၈၅ခုနှစ် အထိလည်းကောင်း၊ တပ်မ(၈၈) မကွေးတိုင်း ဒေသကြီးတွင် ၁၉၈၆ခုနှစ်မှ ၁၉၈၉ခုနှစ်အထိ လည်းကောင်း၊ ခမရ(၃၁၇) မကွေး တိုင်းဒေသကြီးတွင် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၂ ခုနှစ်အထိ လည်းကောင်း၊ ခလရ(၇၁) အောင်လံမြို့တွင် ၁၉၉၂ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ လည်းကောင်း၊ ခမရ(၅၄၇) နဘူး၊ ကော့ကရိတ်တွင် ၁၉၉၅ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိလည်းကောင်း၊ ခမရ(၃၈၁) မိုးကောင်းမြို့တွင် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိလည်းကောင်း၊ စကခ(၂၀) ခမောက်ကြီး ကော့သောင်းမြို့နယ်တွင် ၂၀၀၁ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိလည်းကောင်း၊ စကခ(၁၇)မိုင်ပန်တွင် ၂၀၀၃ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ ဒေသအသီးသီးတွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယ ဝန်ကြီးအဖြစ် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ဝန်ကြီးဌာန နေပြည်တော်တွင် ၂၀၀၅ခုနှစ်မှ ယနေ့အချိန်အထိ နိုင်ငံတော် တာဝန်များကို ဆောင်ရွက်လျက်ရှိသည်။ ၁၉၇၇ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ မြန်မာ့ ဆိုရှယ်လစ် လမ်းစဥ်ပါတီတွင် လမ်းစဥ်လူငယ် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ အရန်ပါတီဝင် အဖြစ်လည်းကောင်း၊ တင်းပြည့်ပါတီဝင် အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၇၈ခုနှစ်တွင် မြောင်းမြ ဂုန်နီစက်ရုံ တည်ဆောက်ရေး၊ လူငယ်လုပ်အားပေး စခန်းတွင်လည်းကောင်း၊ ၁၉၉၃ခုနှစ်တွင် မြင်းခြံမြို့နယ် တောင်ပင်လယ်ဆည် တည်ဆောက်ရေးစီမံကိန်းနှင့် မန္တလေး တိုင်းဒေသကြီး မြစ်ငယ်-ထုံးဘို ကားလမ်း ဖောက်လုပ်ရေး တွင်လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် ကရင်ပြည်နယ် ကော့ကရိတ်-မြပတိုင်-နဘူး-ဒေါ်လန်း လမ်းဖောက်လုပ်ရေးတွင် လည်းကောင်း၊ ၁၉၉၈ခုနှစ်တွင် ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်-ပူတာအို လမ်းဖောက်လုပ်ရေးတွင် လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်မှချီးမြှင့်သော မြန််မာနိုင်ငံ စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင် တံဆိပ်၊ စစ်မှုထမ်းသက် တံဆိပ်၊ နိုင်ငံအကျိုးဆောင် တံဆိပ်၊ စစ်ပွဲတံဆိပ်၊ ရန်ငြိမ်းအေး တံဆိပ်၊ ဂုဏ်ထူးဆောင် စစ်မှုထမ်း တံဆိပ်(တတိယအဆင့်)၊ ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး သင်တန်းတံဆိပ်များ၊ စစ်ဦးစီးတက္ကသိုလ် သင်တန်း တံဆိပ်နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သင်တန်း တံဆိပ်များကို ရရှိခဲ့သည်။