|
အမည် |
ဦးသိန်းအောင် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/ဗဟန(နိုင်) ၀၇၁၀၈၉ |
|
မွေးသက္ကရာဇ်/အသက် |
၆-၂-၁၉၄၈ / (၆၃) နှစ် |
|
မွေးဖွားရာဇာတိ |
ဝါးခယ်မမြို့ |
|
ပညာအရည်အချင်း |
B.Com; D.M.A |
|
လက်ရှိအလုပ်အကိုင် |
ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးလှတင်၊ ၂/အလန(နိုင်) ၀၂၂၇၉၁၊ မှီခို |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်တင်ရွှေ၊ WKA - ၀၀၇၅၅၄၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်စန်းစန်းလွင်၊ ၁၂/ အလန(နိုင်) ၀၂၈၀၇၅၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မသစ်သစ်အောင်၊ ၁၂/ဗဟန(နိုင်) ၀၁၅၆၆၆၊ မှီခို (၂) မောင်အောင်ဇော်မင်း၊ ၁၂/လမန(နိုင်) ၁၃၀၁၀၈၊ တ-အင်ဂျင်နီယာ (ရေကြောင်း) (၃) မောင်အောင်လင်းထွဋ်၊ ၁၂/လမန(နိုင်) ၁၃၀၁၀၉၊ ကုန်သည် |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် ၃/ ၂၇၈ဒ၊ ဥတ္တရသီရိမြို့၊ နေပြည်တော် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မိတ္ထီလာ မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို ဝါးချယ်မြို့ သော်က အ-မ-က နှင့် အ-ထ-က (၁) တို့၌ သင်ကြားခဲ့သည်။ ရန်ကုန်မြို့ စီးပွားရေး တက္ကသိုလ်နှင့် မှော်ဘီ ဗိုလ်သင်တန်းကျောင်းတို့၌လည်း ပညာသင်ကြားခဲ့သည်။ စီးပွားရေး တက္ကသိုလ်နှင့် ကပရတို့၌ ဘွဲ့ရ အလုပ်သင်အဖြစ် လည်းကောင်း၊ ခမရ (၁၀၆) မင်္ဂလာဒုံ၌ ဒုဗိုလ်နှင့် ဗိုလ်အဖြစ် လည်းကောင်း၊ ခလရ (၇၉) မိတ္ထီလာ၌ ဗိုလ်ကြီးအဖြစ် လည်းကောင်း၊ စစ်ရေးချုပ်ရုံး၌ ဦးစီးဗိုလ်ကြီးအဖြစ် လည်းကောင်း၊ ဒုတိယ လက်ထောက် ညွှန်ကြားရေးမှူးမှ ဒုတိယ ညွှန်ကြားရေးမှဓးအဆင့်ထိ မြန်မာ့ အထည်အလိပ် လုပ်ငန်းတွင် လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးမှ အကြံပေးအဆင့်အထိ စက်မှု (၁)၊ စက်မှုညွှန်ကြားရေး ဦးစီးဌာန၌ လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၂၀၀၉ ခုနှစ်စ၍ ၂၀၁၀ ခုနှစ်အထိ မိတ္ထီလာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးနှင့် တွဲဖွက်၍ ကျေးရွာအုပ်စု (၅၈) အုပ်စုနှင့် မြို့ပေါ်ရပ်ကွက်ရှိ ရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံကာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စာကြည့်တိုက်များ ဖွင့်လှစ်ရေး၊ ကျေးရွာမီးလင်းရေး စသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လှူဒါန်း ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံတော်မှ ချီးမြင့်သော စစ်မှုထမ်း တံဆိပ်၊ ရန်နှိပ်တံဆိပ်၊ ပြည်သူ့ဝန်ထမ်း တံဆိပ်၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရား ဥပဒေ စိုးမိုးရေး တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်၊ စီမံထူးချွန်း (ဒုတိယဆင့်)၊ စီမံထူးချွန် (ပထမဆင့်) တို့ ရရှိခဲ့သည်။ ယနေ့အချိန်တွင်လည်း မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသ လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တတ်နိုင်သရွေ့ ကူညီသွားရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။ |
