|
အမည် |
ဒေါက်တာ မြအေး |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၉/မဟမ (နိုင်) ၀၁၈၅၃၁ |
|
မွေးသက္ကရာဇ်/အသက် |
၈-၂-၁၉၅၁ / (၅၉) နှစ် (၁၀) လ |
|
မွေးဖွားရာဇာတိ |
ပဲကူရွာ၊ မြင်းမူမြို့နယ် |
|
ပညာအရည်အချင်း |
Doctor of Science (D.Sc) |
|
လက်ရှိအလုပ်အကိုင် |
ပါမောက္ခချုပ် (ငြိမ်း) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးချစ်သာ၊ MMU-050509၊ တောင်သူ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှသိန်း၊ MMU-0505010၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါက်တာ ခင်မာမာ၊ MMU-000153၊ ပါမောက္ခ (ဌာနမှူး)၊ စိတ်ပညာဌာန၊ မန္တလေး တက္ကသိုလ် |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဒေါ်မြသက်မွန်၊ ၉/မရတ (နိုင်) ၁၁၄၉၈၉၊ သရုပ်ပြ၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး) (၂) ဒေါ်မြစုမွန်၊ ၉/မဟမ (နိုင်) ၀၃၁၈၄၄၊ သရုပ်ပြ၊ ဓာတုဗေဒဌာန၊ ရတနာပုံ တက္ကသိုလ် (၃) မောင်ရဲအေးကျော်၊ ၉/မဟမ (နိုင်) ၀၃၇၉၁၅၊ ဂျပန်ဘာသာ၊ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ် |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၂၂/ဈ)၊ အကွက် (၆၉၁)၊ မဟာနွယ်စဉ်ရပ်၊ မဟာအောင်မြေ မြို့နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မဟာအောင်မြေ မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို ပဲကူရွာ၊ မူလတန်းကျောင်း၊ မြင့်မူမြို့ အထက်တန်း ကျောင်းတို့တွင် သင်ကြားခဲ့သည်။ မန္တလေး တက္ကသိုလ်၊ ဟိုကိုင်းဒိုး တက္ကသိုလ် (ဂျပန်နိုင်ငံ) နှင့် Indian Institute of Science, Banga Lone India တို့တွင် ပညာသင်ကြားခဲ့သည်။တက္ကသိုလ်ဆရာအဖြစ် ၁၉၉၃ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ တောင်ကြီး တက္ကသိုလ် ဓာတုဗေဒဌာနတွင် ပညာသင်ကြားခဲ့သည်။ တက္ကသိုလ် ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ တာဝန်ထမ်းဆောင် ခဲ့သည်။ ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန (အထက် မြန်မာပြည်) တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ဘောလုံး ပြိုင်ပွဲ တာဝန်ခံအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ မန္တလေးတိုင်း တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် မြင့်မားရေး တာဝန်ခံလည်း ဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်၊ ၁၉၉၀ ပြည့်နှစ်တွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေး တံဆိပ်၊ ၁၉၉၅ ခုနှစ်မှာ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်၊ ၂၀၀၂ ခုနှစ်တွင် ဝန်ထမ်းကောင်း တံဆိပ်နှင့် ၂၀၀၃ ခုနှစ်တွင် သိပ္ပံ ထူးချွန်ဆု (တတိယ အဆင့်) တို့ ပေးအပ်ချီးမြှင့် ခံခဲ့ရသည်။ |
