ဒေါက်တာ မြင့်အောင် (ပြင်ဦးလွင် မဲဆန္ဒနယ်)

အမည်

ဒေါက်တာ မြင့်အောင်

အခြားအမည်

မရှိပါ။

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မမန(နိုင်) ၀၁၃၄၃၂

မွေးသက္ကရာဇ်/အသက်

၁၃-၁-၁၉၄၆ / (၆၄) နှစ်

မွေးဖွားရာဇာတိ

ရေတော်ကျေးရွာ၊ စဉ်းကူးမြို့နယ်၊ မန္တလေးတိုင်း

ပညာအရည်အချင်း

B.Sc (D.S.A)၊ M.Sc (Maths.)၊ D.Sc

လက်ရှိအလုပ်အကိုင်

စစ်မှုထမ်း (ဗိုလ်မှူးကြီး အငြိမ်းစား)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဘသောင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သင် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြည်ကြည်ဝင်း၊ ၉/မမန(နိုင်) ၀၁၃၄၃၃

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်သန့်စင်အောင်၊ ၉/မမန (နိုင်) ၀၁၃၄၃၄၊ စစ်မှုထမ်း (ဗိုလ်မှူး)

(၂) မလွင်မာအောင်၊ ၉/မမန(နိုင်) ၀၀၀၃၄၇၊ လ/ထ လ-ဝ-က မှူး

(၃) မောင်မြတ်သူအောင်၊ ၉/မမန(နိုင်) ၀၀၀၃၄၈၊ စိုက်ပျိုး မွေးမြူးရေး လုပ်ငန်း

အမြဲတမ်းနေရပ်လိပ်စာ

တ/၆၊ စွယ်တော်လမ်း၊ ရပ်ကွက်ကြီး (၈)၊ ပြင်ဦးလွင်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြင်ဦးလွင် မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ရေတော်ကျေးရွာ မူလတန်းကျောင်း၊ ဆည်သည်ကျေးရွာ အထက်တန်းကျောင်းနှင့် အ-ထ-က (၁)၊ စစ်ကိုင်းမြို့တို့၌ ပညာသင်ကြားခဲ့သည်။ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်နှင့် တက္ကသိုလ်များ ကွန်ပျူတာဌာန ရန်ကုန်တို့ တွင် လည်း ပညာသင်ကြားခဲ့သည်။

ဒုတိယဗိုလ်မှ ဗိုလ်ကြီးအဆင့်အထိ ပျဉ်းမနားမြို့ ခလရ (၁၆)၊ သိမ်ဇရပ် ခလရ (၂) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တက္ကသိုလ်၌ ဗိုလ်ကြီး၊ နည်းပြ (သင်္ချာ)၊ ဗိုလ်မှူး၊ လက်ထောက် ကထိက၊ ဒုတိယဗိုလ်မှူးကြီး၊ ကထိက၊ ပါမောက္ခ ဌာနမှူး၊ လ/ထ စာပေး ညွှန်ကြားရေးမှူး၊ ဗိုလ်မှူးကြီး၊ စာပေညွှန်ကြားရေးမှူး၊ ဗိုလ်မှူးကြီး (ငြိမ်း)၊ အကြံပေး ပုဂ္ဂိုလ် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။

ပြင်ဦးလွင်မြို့ ဇိနမာန်အောင် ဘုရား ဂေါပက ဥက္ကဋ္ဌ၊ ရပ်ကွက်ကြီး (၈) ဓမ္မာရုံ တည်ဆောက်ရေး နာယကနှင့် ရပ်ကွက်ကြီး (၈) နာရေး ကူညီမှု အသင်းနာယက အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်မှ ချီးမြှင့်သော ဘွဲ့ထူး၊ ဂုဏ်ထူးပေါင်း (၁၃) ခု ရရှိခဲ့ပြီး မိုင်းယန်း/မဲသဝေါ တိုက်ပွဲတံဆိပ်၊ နိုင်ငံ့အကျိုးဆောင်တံဆိပ်၊ တပ်မတော် ဂုဏ်ထူးဆောင် အမှုထမ်းတံဆိပ်၊ မြန်မာနိုင်ငံ စစ်မှုထမ်း သင်္ဂဟတံဆိပ်တို့ ပါဝင်သည်။

မဂ္ဂဇင်းများတွင် ဝတ္ထုတို၊ ဆောင်းပါး (၇) ပုဒ် ရေးသားပြုစုခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ တပ်မတော်စစ်ကျောင်းများသို့ ကာကွယ်ရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် သွားရောက် လေ့လာခဲ့သည်။ မြန်မာနိုင်ငံ ဝတဇ္ဇာ/သိပ္ပံ ပညာရှင်များအသင်း အဖွဲ့ဝင် ဖြစ်သည်။