ဦးပေါခင် (နွားထိုးကြီး မဲဆန္ဒနယ်)

အမည်

ဦးပေါခင်

အခြားအမည်

ဦးသက်လွင်

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မခန(နိုင်)၀၂၅၀၆၃

မွေးသက္ကရာဇ်/အသက်

၁၂-၂-၁၉၄၇/(၆၈)နှစ်

မွေးဖွားရာဇာတိ

ဂေါင်းကွဲကျေးရွာ၊ မြင်းခြံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး

ပညာအရည်အချင်း

B.E(Civil)

လက်ရှိအလုပ်အကိုင်

ကုန်သည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးထွေး (ကွယ်လွန်)၊ ၁၉၅၉

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သက်မြိုင် (ကွယ်လွန်)၊ ၁၉၈၅

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ရီရီဦး၊ ၉/မခန(နိုင်)၀၂၇၂၈၄၊ ကုန်သည်၊ ဝံသာနုအထည်တိုက်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) Dr.မျိုးဦး၊ ၉/မခန(နိုင်)၀၂၇၁၈၆

(၂) ဦးစောဦး၊ ၉/မခန(နိုင်)၁၂၁၁၃၈၊ SCORPION တေးဂီတ၊ မြင်းခြံမြို့

(၃) ဦးကျော်စွာဦး၊ ၉/မခန(နိုင်)၀၀၀၈၅၈၊ ဝံသာနုအထည်တိုက်၊ မြင်းခြံမြို့

အမြဲတမ်းနေရပ်လိပ်စာ

-

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ နွားထိုးကြီး မြို့နယ်

(ပထမအကြိမ် - ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မြင်းခြံမြို့၊ ကွေ့ကြီး မူလတန်းကျောင်း၊ ပြင်ဦးလွင်မြို့ စိန့်အဲလ်ဘတ် အထက်တန်းကျောင်းနှင့် မြင်းခြံမြို့ အ.ထ.က(၁)တို့တွင် သင်ယူခဲ့သည်။ ရန်ကုန်စက်မှု တက္ကသိုလ်မှ B.E(Civil) ဘွဲ့ ရရှိခဲ့သည်။
၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင် သည်မှစ၍ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ မြင်းခြံမြို့နယ် စည်းရုံးရေး အဖွဲ့ဝင်၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းစည်းရုံးရေး အဖွဲ့ဝင်၊ ဗဟိုကော်မတီဝင် (လက်ရှိ) အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစီးဖွင့်လှစ်သော “အမေ့အိမ်” အခမဲ့ ပညာသင်ကျောင်း၏ ကျောင်းအကျိုးတော်ဆောင် တစ်ယောက်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြင်းခြံမြို့နယ် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။