ဦးဉာဏ်ထွန်းအောင် (နွားထိုးကြီ မဲဆန္ဒနယ်)

အမည်

ဦးဉာဏ်ထွန်းအောင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မထလ(နိုင်) ၀၀၉၅၁၉

မွေးသက္ကရာဇ်/အသက်

၈-၆-၁၉၄၈ / (၆၂) နှစ်

မွေးဖွားရာဇာတိ

လုံးတော ကျေးရွာ၊ နွားထိုးကြီးမြို့နယ်

ပညာအရည်အချင်း

B.Sc (D.S.A)

Graduate of Air Commad and Staff college USAF (၁၉၈၈)

လက်ရှိအလုပ်အကိုင်

ဒုဝန်ကြီး၊ ပို့ဆောင်ရေး ဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိန်မောင်၊ တောင်သူ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဖွားထိုက်၊ တောင်သူ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဝေဝေ၊ ၉/မထလ(နိုင်) ၀၀၉၅၂၀၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ဥက္ကာထွန်း၊ ၉/မထလ(နိုင်) ၁၆၈၈၀၆၊ K-7 အလှကုန် ထုတ်လုပ်ရေးလုပ်ငန်း

(၂) မစန္ဒီထွန်း၊ ၉/မထလ (နိုင်) ၁၆၈၈၀၅၊ မှီခို

(၃) မဖြူသန်းထွန်း၊ ၉/ မထလ (နိုင်) ၁၉၅၀၈၅၊ မှီခို

(၄) မယဉ်မင်းထွန်း၊ ၉/မထလ (နိုင်) ၁၉၅၀၈၆၊ မှီခို

အမြဲတမ်းနေရပ်လိပ်စာ

၈၀-ပီ၊ ကမ္ဘောဇလမ်း (၁)၊ ရွှေတောင်ကြား (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ နွားထိုးကြီး မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို နွားထိုးကြီးမြို့နယ် လုံးတော အ-မ-က၊ ရွာကြီး အ-လ-က နှင့် မော်လမြိုင်မြို့ အ-ထ-က တို့၌ သင်ကြားခဲ့သည်။ ၁၉၆၅ ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိ ပြင်ဦးလွင် စစ်တက္ကသိုလ် တက်ရောက် ခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မိတ္ထီလာ ရှမ်းတဲ၌ တပ်မတော် (လေ) လေသူရဲအဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုချုပ် အဖြစ်လည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ပို့ဆောင်ရေးဝန်ကြီးဌာနတွင် ညွှန်ချုပ်တာဝန်ကိုလည်းကောင်၊ ၂၀၀၃ ခုနှစ်မှ ယနေ့အထိ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်ကို လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၂၀၀၃ ခုနှစ်မှ ယနေ့အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ပါတီပြောင်းလဲချိန်ထိအောင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ယခု ဗဟို အလုပ် အမှုဆောင် တာဝန်ထမ်းဆောင်လျက် ရှိသည်။နိုင်ငံတော်မှ ချီးမြှင့်သော သူရဲကောင်း မှတ်တမ်းဝင်၊ စစ်မှုထမ်းကောင်း တံဆိပ်နှင့် နှစ် (၅၀) ပြည့် ရွှေရတု တပ်မတော် တံဆိပ်တို့ ရရှိခဲ့သည်။