ဦးလှထွန်း (ကျောက်ပန်းတောင်း မဲဆန္ဒနယ်)

အမည်

ဦးလှထွန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/လကန(နိုင်) ၀၃၇၃၂၆

မွေးသက္ကရာဇ်/အသက်

၁၁-၇-၁၉၅၁ / (၅၉) နှစ်

မွေးဖွားရာဇာတိ

ပုပ္ပားကျေးရွာအုပ်စု၊ ကျောက်ပန်းတောင်းမြို့နယ်

ပညာအရည်အချင်း

သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်)

လက်ရှိအလုပ်အကိုင်

ဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတင်ငွေ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ကြည် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်သန်းဝင်း၊ ၁၂/လကန(နိုင်) ၀၃၇၃၂၇၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမြတ်ဟေမာန်ထွန်း၊ ၁၂/မရက (နိုင်) ၀၄၄၆၉၂၊ ကျောင်းသူ

(၂) မောင်အောင်ကျော်ကို၊ ၁၂/ဘအန(နိုင်) ၁၇၇၂၀၆၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

ပုပ္ပားကျေးရွာ၊ ကျောက်ပန်းတောင်မြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်ပန်းတောင်း မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မြောက်ဥက္ကလာပ မြို့နယ် အ-ထ-က (၁) ၌ သင်ကြားခဲ့သည်။ ထို့နောက် ပြင်ဦးလွင်၊ စစ်တက္ကသိုလ်၌ ဆက်လက် ပညာဆည်းပူးခဲ့ပြီး သိပ္ပံဘွဲ့ စစ်ကတ္ကသိုလ်ဘွဲ့ ရရှိခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်လက်နက် ပစ္စည်း ညွှန်ကြားရေးမှူး ရုံးတွင် ညွှန်ကြားရေးမှူး၊ ဗိုလ်ချုပ်အဖြစ် လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီးအဖြစ် လည်းကောင်း ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့်သော မြန်မာနိုင်ငံ စစ်မှုထမ်း သင်္ဂဟ တံဆိပ်၊ စစ်မှုထမ်း တံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်း တံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင် တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်၊ မိုင်းယန်/မဲသဝေါ တိုက်ပွဲတံဆိပ်၊ ရန်ငြိမ်းအေး တံဆိပ်၊ တပ်မတော် ဂုဏ်ဆောင် တံဆိပ်၊ ခြေလျင် (တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး) သင်တန်း တံဆိပ်၊ စစ်ဦးစီး တက္ကသိုလ် သင်တန်း တံဆိပ်၊ စစ်မှုထမ်းသက် တံဆိပ်၊ နိုင်ငံအကျိုးဆောင် တံဆိပ်နှင့် စစ်ပွဲတံဆိပ် (၁၉၇၄/၁၉၈၈) ( ၁၉၈၈/၁၉၉၀) များ ရရှိခဲ့သည်။