ဦးအုန်းကြိုင်( မဟာအောင်မြေမဲဆန္နနယ်)

အမည်

ဦးအုန်းကြိုင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/သဃက(နိုင်)ဝ၁၂၄၅၃

မွေးသက္ကရာဇ်/အသက်

Friday, June 16, 1944

မွေးဖွားရာဇာတိ

ဗြန့်ကြီးမြစ်ကျိုးရွာ၊ မော်ကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး

ပညာအရည်အချင်း

B.A.O.J (USA)

လက်ရှိအလုပ်အကိုင်

အယ်ဒီတာ (ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဘရှင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စိန် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းသန်း၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မနှင်းပပကြိုင်၊ ဈေးသည်
(၂) မစိုးပပလှိုင်၊ သတင်းစာဆရာ (FREE LANCE)
(၃) မသင်းပပမြိုင်၊ သတင်းထောက် (အလင်းတန်းဂျာနယ်)
(၄) ကိုရဲခေါင်စိုး၊ ဒီဇိုင်းနာ (မြန်မာပို့စ် ဂျာနယ်)

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၉ဝ၄)၊ အနော်မာ (၁၁) လမ်း၊ (၁၃) ရက်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မဟာအောင်မြေ မြို့နယ်

(ပထမအကြိမ် - ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ဗြန့်ကြီး အမက ၊ ကျိုက်ပိ အလကနှင့် မော်ကျွန်း အထကတို့တွင် သင်ယူခဲ့သည်။ ရန်ကုန် တက္ကသိုလ်၊ လုပ်သားများ ကောလိပ် ကမ္ဘာ့သတင်းစာသိပ္ပံ (WPI )၊ စိန်ပေါမြို့ အမေရိကန် ပြည်ထောင်စုတို့တွင် ပညာ ဆက်လက် သင်ယူခဲ့ပြီး B.A.D.J (USA) ရရှိခဲ့သည်။ ကြေးမုံသတင်းစာ အ/ထ စာရေး၊ အယ်ဒီတာ (ဟံသာဝတီ ) မန္တလေး၊ အယ်ဒီတာ (လုပ်သား ပြည်သူ့နေ့စဥ် သတင်းစာ) ၊ အယ်ဒီတာ (ဗိုလ်တထောင် သတင်းစာ) ရန်ကုန်မြို့တို့တွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသည်။ ၁၉၇၇ ခုနှစ် ၊ မန္တလေး ဟံသာဝတီ သတင်းစာ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်စဥ် အိန္ဒိယဝန်ကြီးချုပ် မစ္စက်အင်ဒီရာဂန္ဒီ၏ ဖိတ်ကြားချက်အရ အစိုးရမှ စေလွှတ်သော သတင်းစာကို ယ်စားလှယ်အဖွဲ့တွင် ဒီမိုကရေစီရွေး ကောက်ပွဲ လေ့လာရန်အတွက် အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့သည်။ ၁၉၇၈ ခုနှစ် စက်တင်ဘာလတွင် အမေရိကန် ပြည်ထောင်စုမှ ပညာသင်ဆုရရှိခဲ့ပြီး World Press Institute တွင် (၁)နှစ်ကြာ သတင်းစာပညာ သွားရောက်သင်ယူခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဗဟိုဦးစီးအဖွဲ့ဝင်၊ ဗဟိုအလုပ်အမှု‌ဆောင် အဖွဲ့ဝင်နှင့် အတွင်းရေးမှူး (ဗဟိုအလုပ် အမှုဆောင် အဖွဲ့)အဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလတွင် ပုဒ်မ (၅)ဖြင့် ထောင်ဒဏ် (၇)နှစ် နှင့် ပုဒ်မ၅ (က-ခ-ဃ-ည) ဖြင့် ထောင် ဒဏ် ၁၀နှစ်ပြစ်ဒဏ် ကျခံခဲ့ဖူးသည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် မန္တလေး အရှေ့တောင်မြို့နယ် မဲဆန္ဒနယ်(၁) NLD ကိုယ် စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။