ဦးဝင်းမြင့်(မြင်းခြံ မဲဆန္နနယ်)

အမည်

ဦးဝင်းမြင့်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မခန(နိုင်) ၀၂၁၀၀၉

မွေးသက္ကရာဇ်/အသက်

၄-၅-၁၉၅၄ / (၅၆) နှစ်

မွေးဖွားရာဇာတိ

ဝဲလောင်ကျေးရွာ၊ တောင်သာမြို့နယ်

ပညာအရည်အချင်း

B.E (Mech; Eng 1977 Nov)

လက်ရှိအလုပ်အကိုင်

ကုန်သည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှငွေ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်ရှိန်(ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြင့်မြင့်၊ ၉/ မခန(နိုင်) ၀၃၁၀၈၀၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါက်တာဉာဏ်မျိုးဝင်းမြင့်၊ ၉/မခန(နိုင်) ၁၄၃၉၀၈၊
ဒုနှစ်ဘွဲ့လွန်ကျောင်းသား (ကလေးအထူးကု)၊
ဆေးတက္ကသိုလ်(၂)၊ မြောက်ဥက္ကလာပ
(၂)
ကိုကျော်မျိုးဝင်းမြင့်၊ ၉/မခန(နိုင်) ၁၆၂၅၉၉၊
“ဇေယျာဝင်း” ဆီစက်၊ မြင်းခြံစက်မှုဇုန်
(၃)
ကိုမင်းမင်းဝင်းမြင့်၊ ၉/မခန(နိုင်) ၁၆၃၃၅၈၊ မှီခို

အမြဲတမ်းနေရပ်လိပ်စာ

ဗွီ-၄၄၊ မြကန်သာလမ်း၊ အမှတ်(၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြင်းခြံ မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို တောင်သာမြို့နယ် ဝဲလောင်ကျေးရွာ အ-ထ-က ၌ သင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန် စက်မှုတက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားခဲ့ရာ B.E (Mech:) ဘွဲ့ရရှိခဲ့သည်။ ၁၉၇၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ မြင်းခြံမြို့၌ နေထိုင်ပြီး ဆန်၊ ဆီနှင့် ပဲမျိုးစုံ ပွဲရုံလုပ်ငန်း၊ မြင်းခြံ စက်မှုဇုံတွင် “ဇေယျဝင်း” ဆီစက်နှင့် မော်တော်ကား သယ်/ပို့လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၂၀၀၂ ခုနှစ် မှ ယနေ့အထိ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။ မြို့နယ် ကုန်သည်ကြီးများ အသင်းနှင့် မြို့နယ် မ-ထ-သတွင် အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ ဖက်စပ်ကော်ပိုရေးရှင်း အမှတ် (၂) တွင် ဒါရိုက်တာအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့တွင် ဗဟိုအမှုဆောင် အဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။