ဦးအေးမောက် (မလှိုင် မဲဆန္ဒနယ်)

အမည်

ဦးအေးမောက်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ကမရ(နိုင်)ဝ၃၅၂၂၃

မွေးသက္ကရာဇ်/အသက်

၆-၄-၁၉၄၈ / (၆၂) နှစ်

မွေးဖွားရာဇာတိ

ပန်းအိုင်ရွာ၊ မလှိုင်မြို့နယ်

ပညာအရည်အချင်း

အင်ဂျင်နီယာဘွဲ့ (မြို့ပြ) စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုဒီပလိုမာ(နယ်သာလန်)

လက်ရှိအလုပ်အကိုင်

ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးညွန့် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းတင် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ဝင်းကြည်၊ ၁၂/ကမရ (နိုင်) ၀၄၁၉၃၅၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါက်တာကေခိုင်အေးမောက်၊ ၁၂/ကမရ (နိုင်) ၀၁၁၉၆၅၊ ဆရာဝန်
(၂) မသီရိအေးမောက်၊ ၁၂/ကမရ (နိုင်)
၀၁၁၃၇၅၊ အင်ဂျင်နီယာ
(၃) မကေသွယ်အေးမောက်၊ ၁၂/ကမရ (နိုင်) ၀၅၀၀၇၃၊ အင်ဂျင်နီယာ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် ၄၇၃(ခ)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မလှိုင် မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မလှိုင်မြို့ ပန်းအိုင်ရွာ အ-လ-က၊ မလှိုင်မြို့ အ-ထ-ကနှင့် အ-ထ-က(၁) မိတ္ထီလာတို့၌ သင်ကြားခဲ့သည်။ ရန်ကုန် စက်မှုတက္ကသိုလ်၌ ပညာဆက်လက် သင်ကြားခဲ့ပြီး အင်ဂျင်နီယာဘွဲ့ (မြို့ပြ)၊ စီးပွား ရေးဆိုင်ရာ စီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့ကို နယ်သာလန်နိုင်ငံမှ ရရှိခဲ့သည်။
မှော်ဘီမြို့ ဗိုလ်သင်တန်းကျောင်း ဗိုလ်လောင်းသင်တန်း အမှတ်စဥ်(၄၄) တွင် လည်းကောင်း၊ ဗဟိုအင်ဂျင် နီယာတပ်၊ ပြင်ဦးလွင်၌ အရာရှိစစ်မြေပြင် အင်ဂျင်နီယာ သင်တန်း အမှတ်စဥ် (၇)၌ လည်းကောင်း၊ မန္တလေးမြို့တွင် တိုင်းတပ်တွင်း ပညာပေး အမှတ်စဥ် (၄၁) ၌ လည်းကောင်း၊ လုပ်ငန်းဆိုင်ရာ ပညာပေး သင်တန်း အမှတ်စဥ် (၆)၌လည်းကောင်း၊ စက်ရုံမှူး သင်တန်းအမှတ်စဥ် (၅)တွင်လည်းကောင်း၊ နယ်သာလန်နိုင်ငံ RVB တက္ကသိုလ်၌
ဒီပလိုမာ သင်တန်းကိုလည်းကောင်း တက်ရောက်ခဲ့သည်။
လက်ထောက် အင်ဂျင်နီယာအဖြစ် စက်မှုဝန်ကြီးဌာန၊ စက်မှုလက်မှု တိုးချဲ့လုပ်ကိုင်ရေး ကော်ပိုရေးရှင်းနှင့်
ဆည်မြောင်း ဦးစီးဌာန (မုန်း၊ မန်း၊ စလင်း၊ ယင်း) စီမံကိန်းတို့တွင် လည်းကောင်း၊ လက်ထောက်စစ်မြို့နယ် အင်ဂျင်နီယာအဖြစ် အမှတ် (၉၅၂) နှင့် (၉၅၇) ဆောက်လုပ်ရေး တပ်ခွဲတို့တွင် လည်းကောင်း၊ တပ်စုမှူးအဖြစ် အမှတ် (၉၀၉) စစ်မြေပြင် တပ်ခွဲတွင် လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ဒု-လက်ထောက် ညွှန်ကြားရေးမှူး (စီမံရေး) အဖြစ် စက်မှုပစ္စည်း စက်ရုံ အမှတ်(၄) တွဲဖက်တွင် လည်းကောင်း၊ လက်ထောက် စက်ရုံမှူးမှ စက်ရုံမှူးအထိ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစက်ရုံတွင် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုဌာန ညွှန်ကြားရေးမှူးအဖြစ် မြန်မာ့ သတ္တုပစ္စည်း လုပ်ငန်းတွင် လည်းကောင်း၊ အထွေထွေ မန်နေဂျာ (ကုန်ထုတ်/စီမံနှင့် စီမံကိန်း)အဖြစ် မြန်မာ့ ကြွေထည်မြေထည် လုပ်ငန်းတွင် လည်းကောင်း၊ ဦးဆောင် ညွှန်ကြားရေးမှူး၊ အကြံပေးအရာရှိ (ဦးဆောင်ညွှန် ကြားရေးမှူး) တာဝန်၊ ကျွမ်းကျင်သူအဖြစ် မြန်မာ့အထွေထွေနှင့် ပြုပြင် ထိန်းသိမ်းရေး စက်မှုလုပ်ငန်းတွင် လည်းကောင်း ထမ်းဆောင်ခဲ့သည်။
ကင်းထောက်လူငယ်နှင့် ရပ်ကွက်-မြို့နယ်အတွင်း လူမှုရေးအဖွဲ့အစည်းများတွင် ပါဝင်ထမ်းဆောင် ခဲ့သည်။

နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သော နိုင်ငံတော် စစ်မှုထမ်း တံဆိပ်၊ ပြည်သူ့စစ် တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်၊ စက်မှုစီးပွား ထူးချွန်တံဆိပ် (ဒုတိယဆင့်)၊ ဝန်ထမ်းကောင်း တံဆိပ်၊ စီမံထူးချွန် တံဆိပ်(ဒုတိယဆင့်) နှင့် စီမံထူးချွန် တံဆိပ် (ပထမဆင့်) တို့ ရရှိခဲ့သည်။