|
အမည် |
ဦးသောင်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/သဃက(နိုင်)ဝ၁၂၈၇၀ |
|
မွေးသက္ကရာဇ်/အသက် |
၆-၇-၁၉၃၇ / (၇၃) နှစ် (၅) လ |
|
မွေးဖွားရာဇာတိ |
ညောင်ခြောက်ပင်ရပ်၊ ကျောက်ဆည်မြို့ |
|
ပညာအရည်အချင်း |
ဘီအေ (စစ်တက္ကသိုလ်) |
|
လက်ရှိအလုပ်အကိုင် |
ဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးကြည် (ကွယ်လွန်)၊ ဈေးရောင်း |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှရင် (ကွယ်လွန်)၊ ဈေးရောင်း |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မေကြည်စိန်၊ ၁၂/သဃက (နိုင်) ၀၁၃၇၈၄၊ ညွှန်ကြားရေးမှူး(ငြိမ်း) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ကိုသောင်းနေဦး၊ ၁၂/ သဃက(နိုင်) ၀၅၅၈၆၇၊ စိုက်ပျိုးရေးနှင့် ဆန်စက်လုပ်ငန်း |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် ၁၆ဝ၊ ဥက္တရသီရိမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်ဆည် မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
မူလတန်းမှ အထက်တန်းအောင်မြင်သည်အထိ ကျောက်ဆည်မြို့ အစိုးရအထက်တန်းကျောင်း၌ ပညာ သင်ကြားခဲ့သည်။ ၁၉၅၅ ခုနှစ် ၁၉၅၉ခုနှစ်အထိ စစ်တက္ကသိုလ် အပတ်စဥ်(၁)တွင် တက်ရောက်သင်ကြား ခဲ့သည်။ ၁၉၅၉ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ တပ်မတော်တွင် ဒု-ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ် စတင်၍ အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်မှ ယနေ့အထိ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတွင် ဝန်ကြီးတာဝန် ထမ်းဆောင်လျက်ရှိသည်။ ၁၉၈၈ ခုနှစ်တွင် သရက်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ညွှန်ကြားရေးမှူးချုပ်၊ သံအမတ်ကြီး၊ ဝန်ကြီးစသည့် တာဝန်အဆင့်ဆင့်ဖြင့် နိုင်ငံရေး၊ လူမူရေးများ ဆောင်ရွက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် အောင်စစ်သည်ဆု၊ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော် စစ်မှုထမ်းတံဆိပ် ၊ ၁၉၈၉ ခုနှစ်တွင် ပြည်ပရန်နှိမ် တံဆိပ်နှင့် ပြည်သူ့စစ် တိုက်ပွဲဝင်တံဆိပ်၊ ၁၉၈၉ ခုနှစ်တွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုး ရေးတံဆိပ်၊ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးတံဆိပ်၊ ၁၉၉၅ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းတံဆိပ် ၊ ၂၀၀၅ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်နှင့် ၁၉၉၁ ခုနှစ်တွင် စီမံထူးချွန်း (ပထမဆင့်) တို့ ရရှိခဲ့သည်။ |
