ဒေါက်တာမြဦး (ငါန်းဇွန် မဲဆန္ဒနယ်)

အမည်

ဒေါက်တာမြဦး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မရမ(နိုင်)ဝ၃၈၁၁၃

မွေးသက္ကရာဇ်/အသက်

၂၈-၂-၁၉၄၈ / (၆၃) နှစ်

မွေးဖွားရာဇာတိ

သောင်ပြင်ရွာ၊ ငါန်းဇွန်မြို့နယ်

ပညာအရည်အချင်း

Ph.D

လက်ရှိအလုပ်အကိုင်

ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ အဆင့်မြင့်ပညာဦးစီးဌာန(အထက်မြန်မာပြည်)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဟံရွှေ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ညွန့်မေ၊ ၅/ ငဇန(နိုင်) ၀၁၇၃၂၇၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နုနု၊ ၉/မရမ(နိုင်) ၀၃၈၁၁၂၊ ပါမောက္ခ(ငြိမ်း) ဒဂုံတက္ကသိုလ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် ၄၇၅/၁၈၊ ၃၃-၄၄/၈၀-၈၁ လမ်းကြား၊ မန္တလေးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ငါန်းဇွန် မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ငါန်းဇွန်မြို့နယ် သောင်ပြင် အ-မ-က၊ ငါန်းဇွန်မြို့ အ-ထ-က နှင့် ကျောက်ဆည်မြို့ အ-ထ -က တို့၌ သင်ကြားခဲ့သည်။ မန္တလေး တက္ကသိုလ်၌ ပညာ ဆက်လက်သင်ကြားခဲ့ရာ သိပ္ပံဘွဲ့နှင့် မဟာသိပ္ပံဘွဲ့များ ရရှိခဲ့သည်။ ဂျပန်နိုင်ငံ အိုဆာကာ တက္ကသိုလ်နှင့် ကျူးရှူး တက္ကသိုလ်တို့၌လည်း ပညာသင်ကြားခဲ့ပြီး Ph.D ဘွဲ့ရရှိခဲ့သည်။ မန္တလေးတက္ကသိုလ်နှင့် တောင်ကြီးကောလိပ်တို့တွင် နည်းပြအဖြစ်လည်းကောင်း၊ မန္တလေးတက္ကသိုလ်တွင် လက်ထောက် ကထိက အဖြစ်လည်းကောင်း၊ မန္တလေးတက္ကသိုလ်နှင့် မြစ်ကြီးနားကောလိပ်တို့တွင် ကထိကအဖြစ် လည်းကောင်း၊ ပခုက္ကူကောလိပ်၌ ဒုကျောင်းအုပ်ကြီးနှင့် ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၌ သင်္ချာပါမောက္ခ အဖြစ်လည်းကောင်း၊ အဝေးသင်တက္ကသိုလ် (ရန်ကုန်)၌ ဒုပါမောက္ခချုပ် တာဝန်ကိုလည်းကောင်း ထမ်းဆောင်ခဲ့သည်။ ဆက်လက်၍ အဝေးသင်တက္ကသိုလ်(ရန်ကုန်)၌ ပါမောက္ခချုပ် တာဝန်ကိုလည်းကောင်း၊ အဆင့်မြင့် ပညာဦးစီးဌာန(အထက်မြန်မာပြည်)၌ ညွှန်ကြားရေးမှူးချုပ် တာဝန်ကိုလည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ယနေ့အထိ ငါန်းဇွန်မြို့နယ်အသင်း (ရန်ကုန်)တွင် ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ယနေ့ အထိ မြင်းခြံခရိုင်အသင်း (ရန်ကုန်)တွင် ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်မှချီးမြှင့်သော ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေးတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်၊ ဝန်ထမ်းကောင်း တံဆိပ်နှင့် စီမံထူးချွန် (ဒုတိယအဆင့်) တို့ရရှိခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စတင်ဖွဲ့စည်းစဥ်ကာလမှ ယခု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းသည်အထိ အသင်းတာဝန်၊ ပါတီတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။