ဦးဘဌေး (မိုးကုတ် မဲဆန္ဒနယ်)

အမည်

ဦးဘဌေး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ပလောင်/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မကန(နိုင်)ဝ၁၂၅၂၁

မွေးသက္ကရာဇ်/အသက်

၂-၁၁-၁၉၄၆ / (၆၅) နှစ်

မွေးဖွားရာဇာတိ

ပန်းမရပ်၊ ကျပ်ပြင်၊ မိုးကုတ်

ပညာအရည်အချင်း

ပဉ္စမတန်း

လက်ရှိအလုပ်အကိုင်

ဌေးကျောက်မျက်ကုမ္ပဏီ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတုတ်လှ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်ရွှေ၊ DS ၀၁၁၂၆၇၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်လှကြည်၊ ၉/မကန(နိုင်) ၀၇၂၅၈၀၊ ဌေးကျောက်မျက်ကုမ္ပဏီ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ကျော်ခိုင်ဦး၊ ၉/ မကန (နိုင်)၀၇၂၅၈၁
(၂) မမီမီသန့်၊ ၉/ မကန (နိုင်) ၀၆၅၀၁၁
(၃) မောင်ကျော်မင်းသန့်၊ ၉/ မကန (နိုင်)၀၇၁၂၉၇
(၄) မောင်ကျော်မင်းဌေး၊ ၉/ မကန (နိုင်)၀၈၂၄၁၉ ဌေးကျောက်မျက်ကုမ္ပဏီ

အမြဲတမ်းနေရပ်လိပ်စာ

လထ-၃၆၊ ဆင်ဖြူရှင်လမ်း၊ အထက်လယ်ဦးရပ်၊ မိုးကုတ်မြို့။

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မိုးကုတ် မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က မိုးကုတ်မြို့ အနောက်ပိုင်း မြို့မ အ-ထ-က၌ ပညာသင်ကြားခဲ့သည်။ မိုးကုတ်မြို့ အောင်တော်မူ ဘုန်းကြီးကျောင်းတွင် သိန်း(၅၀)တန် ကျောင်းဆောင်၊ မိုးကုတ်မြို့ မြို့ဦးဘုန်းကြီးကျောင်းတွင် သိန်း(၅၀)တန် ဆွမ်းစား ကျောင်းဆောင်၊ ကန်တော် အ-မ-က (၂၂)တွင် (၆)သိန်းတန် ပတ္တမြား ကျောင်းဆောင်၊ လယ်ဦး အ-ထ-က တွင် သိန်း(၂၃၀)တန် သုံးထပ် RC စာသင်ကျောင်းဆောင် (၁)ဆောင်နှင့် (၁၅၀)သိန်းတန် နှစ်ထပ်စာသင် ဆောင်(၁)ဆောင်၊ မင်းတံတား အ-မ-က (၃၁)၌ ၁၈သိန်းတန် စာသင်ဆောင်၊ မိုးကုတ်မြို့ ဘိုးဘွားရိပ်သာ၌ (၄၅)သိန်းတန် ဓမ္မာရုံ၊ ကျပ်ပြင် အ-ထ-က၌ (၂၆)သိန်းတန် ကွန်ပျူတာ ခန်းမနှင့် အိမ်သာများ၊ ရှမ်းတော အ-လ-က တွင် (၁၀)သိန်းတန် စာသင်ဆောင်၊ မိုးကုတ်မြို့နယ် စာရင်းရုံး ဆောက်လုပ်ရန်အတွက် သိန်း(၂၀) မတည်ပေးခြင်း၊ မိုးကုတ်မြို့ ဆက်သွယ်ရေးအတွက် CDMA တယ်လီဖုန်း ရရှိရေး ဦးဆောင် ကြိုးပမ်းခြင်း စသည်တို့လုပ် ဆောင်ခဲ့သည်။ မန္တလေးမြို့ စွယ်တော်ဘုရားအနီးတွင် သိန်း ၅၀၀ တန် သန္တာဝတီ သီလရှင်စာသင်တိုက် အာရ်စီနှစ်ထပ် ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းခဲ့သည်။ ကျပ်ပြင် အ-ထ-က၌ သိန်း ၁၀၀၀ တန် သုံးထပ် စာသင်ဆောင် ဆောက်လုပ် လှူဒါန်းခြင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ မိုးကုတ်-သပိတ်ကျင်း ကားလမ်း တိုးချဲ့လုပ်ငန်း ဆောင်ရွက်ခြင်း၊ မိုးကုတ်မြို့ ပန်းမရပ်ရှိ ဘုရားဟောင်း (၁၁)ဆူ ပြုပြင် တည်ဆောက်ရာတွင် ၂၂၄ သန်း လှူဒါန်းခြင်း၊ မိုးကုတ်မြို့ ကုတင်(၁၀၀)ဆေးရုံကြီး ဖြစ်မြောက်ရေးအတွက် ဦးစီဆောင်ရွက်ခဲ့ပြီး သိန်း ၇၀၀ အကုန်အကျခံ၍ ပြင်ပလူနာဆောင် ဆောက်လုပ် လှူဒါန်းခြင်း၊ မိုးကုတ်-မိုးမိတ် နယ်စပ်ရှိ ကမ္ဘာ့အံဖွယ် တောင်ဘက် မြေသားလမ်း ၄ မိုင်ကို သိန်း၂၀၀ အကုန်အကျခံ၍ ဦးဆောင် ဖောက်လုပ်လှူဒါန်းခြင်း၊ မိုးကုတ်မြို့ ပန်းမရပ်ကွက် သောက်သုံးရေ ဖူလုံရေးအတွက် သိန်း(၃၀)တန် သောက်သုံးရေကန် တစ်ကန် ဆောက်လုပ် လှူဒါန်းခြင်း၊ မိုးကုတ် ဓမ္မရံသီ ဘုန်းတော်ကြီးကျောင်း ကတ္တရာလမ်းခင်းရန် (၁၃)သိန်း၊ မိုးကုတ်မြို့ ပန်းမရပ် ကျောက်တိုင် ကုန်းပေ (၂၅၀၀) ကတ္တရာလမ်း ခင်းရန် (၅၄)သိန်းနှင့် ဘုန်းတော်ကြီးကျောင်းလမ်း ပေ (၂၀၀၀) ကတ္တရာလမ်း ခင်းရန် (၄၁)သိန်း လှူဒါန်း၍ ဦးဆောင် ပါဝင်ခြင်း၊ ကျပ်ပြင် အ-ထ-က တွင် သိန်း(၆၀၀၀)တန် နံကပ် စာသင်ဆောင်(၁)ဆောင် လှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၉ ခုနှစ်အထိ နှစ်စဥ်နှစ်တိုင်း မိုးကုတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား ပင့်ဖိတ်၍ ကထိန်သင်္ကန်း နှင့် လှူဖွယ်ဝတ္ထု အစုစုတို့အား လှူဒါန်းခဲ့ရာ သိန်း ၂၀၀၀ ကျော်ခန့်အထိ လှူဒါန်းပြီးဖြစ်သည်။ ယနေ့အထိ မြို့မိမြို့ဖ တစ်ဦးအနေဖြင့် မိုးကုတ်မြို့ရှိ လူမှုရေး အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် သာရေးနာရေး အဖွဲ့အစည်းများတွင် နာယကအဖြစ် ဦးဆောင်ပါဝင်၍ ပြည်သူ့အကျိုးပြု လူမှု‌ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်မှ လူမှုထူးချွန် (ဒုတိယဆင့်) နှင့် သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့များ ပေးအပ်ချီးမြှင့် ခံခဲ့ရသည်။