ဦးတင်မောင် (ချမ်းမြသာစည် မဲဆန္ဒနယ်)

အမည်

ဦးတင်မောင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မရတ(နိုင်)ဝဝ၆၇၈၈

မွေးသက္ကရာဇ်/အသက်

၅-၁-၁၉၄၄ / (၆၆) နှစ်

မွေးဖွားရာဇာတိ

ညောင်ပင်သာရွာ၊ ကျောက်ပန်းတောင်းမြို့နယ်

ပညာအရည်အချင်း

M.Sc (Chemistry)

လက်ရှိအလုပ်အကိုင်

ဧည့်ပါမောက္ခ-ငြိမ်း (စစ်တက္ကသိုလ်)
 

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသုခ၊ KPG - ၀၇၄၉၃၁၊ တောင်သူ

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ရွှေမှဲ့၊ KPG -၀၂၁၄၉၉၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မြမြ၊ ၉/မရတ(နိုင်) ၀၀၆၇၉၀၊ တွဲဖက်ပါမောက္ခ(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါက်တာရဲသူရိန်၊ ၉/မရတ(နိုင်) ၀၀၆၇၈၉၊ ခွဲစိတ်အထူးကု ဆရာဝန်
(၂) ဒေါက်တာ စန္ဒီမောင်၊ ၉/မရတ(နိုင်) ၀၀၂၆၁၅၊ ဓါတ်မှန်ဆရာဝန်
(၃) ဦးရဲတာရာ၊ ၉/မရတ(နိုင်)၁၃၀၉၄၈၊ အင်ဂျင်နီယာ

အမြဲတမ်းနေရပ်လိပ်စာ

သူရိန်နန်း၊ အကွက် (၈၇၁) ချမ်း/တောင်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ချမ်းမြသာစည် မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မန္တလေးမြို့၌ ငွေတောင်မူလတန်းကျောင်း ၊ ပေါက်မြိုင် အလယ်တန်းကျောင်းနှင့် အ.ထ.က(၁)တို့၌ သင်ကြားခဲ့သည်။ မန္တလေး တက္ကသိုလ်တွင် ပညာဆက်လက် သင်ကြားခဲ့ပြီး M.Sc(Chemistry) ဘွဲ့ရရှိခဲ့သည်။ ၁၉၆၇ ခုနှစ် တွင် မကွေးကောလိပ်တွင် သရုပ်ပြအဖြစ်လည်းကောင်း ၊‌ ၁၉၈၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ မန္တလေး တက္ကသိုလ်၌ လ/ထကထိကနှင့် ကထိက တာဝန်များကိုလည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် စစ်တက္ကသိုလ်၌ ဧည့်ပါမောက္ခအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၇ ခုနှစ် အမျိုးသားညီလာခံ လူထုထောက်ခံပွဲတွင် သဘာပတိ အဖွဲ့ဝင်အဖြစ်လည်းကောင်း ၊ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ မူကြမ်း အတည်ပြုရေး ဆန္ဒခံယူပွဲတွင် ဗဟိုကော်မရှင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဇီဝိတဒါန သံဃာ့ဆေးရုံ (ချမ်းမြသာစည်)တွင် စာရင်းစစ် ဆပ်ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေးတံဆိပ်နှင့် နိုင်ငံတော်အေး ချမ်းသာယာရေး တံဆိပ်များ ပေးအပ်ချီးမြှင့် ခံခဲ့ရသည်။