ဦးကြည်မောင် (မြစ်သား မဲဆန္ဒနယ်)

အမည်

ဦးကြည်မောင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မသန(နိုင်)ဝဝ၇၈၇၉

မွေးသက္ကရာဇ်/အသက်

၁၁-၂-၁၉၄၂ / (၆၈) နှစ်

မွေးဖွားရာဇာတိ

မြစ်သားမြို့နယ်၊ မြို့ကုန်းကျေးရွာ

ပညာအရည်အချင်း

B.Sc (Physic), D.T

လက်ရှိအလုပ်အကိုင်

လယ်ယာစိုက်ပျိုးရေး

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဘခင်၊ လယ်ယာစိုက်ပျိုးရေး

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သိန်းတင်၊ လယ်ယာစိုက်ပျိုးရေး

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စိန်ရွှေ၊ ၉/မသန(နိုင်) ၀၀၇၉၃၈၊ လယ်ယာစိုက်ပျိုးရေး

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ကိုဝင်းကိုကို၊ ၉/မသန(နိုင်)၀၈၃၁၉၉၊ မူ/အုပ်၊ မုန္တော

(၂) မလဲ့လဲ့ကြည်၊ ၉/မသန(နိုင်)၀၈၂၆၄၁၊ မူ/အုပ်၊ ခန္တီး

(၃) မနှင်းဖြူဖြူကြည် ၊ ၉/မသန(နိုင်)၁၀၉၂၉၉၊ အထက်တန်းသူနာပြု၊ အလုပ်သမားဆေးရုံ၊မန္တလေးမြို့

(၄) မဖြိုးသန္တာကြည်၊ ၉/မသန(နိုင်)၁၀၈၀၁၁၊ အကြောကျွမ်းကျင်-၂ ၊ အရိုးအထူးကုဆေးရုံ၊ မန္တလေးမြို့

အမြဲတမ်းနေရပ်လိပ်စာ

အနော်ရထာလမ်း၊ ရွှေသူဌေးရပ်၊ မြစ်သားမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြစ်သား မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မြစ်သားမြို့နယ် ၊ မြို့ကုန်း အ.မ.ကနှင့် မြစ်သား အ.ထ.က တို့တွင် သင်ကြားခဲ့သည်။ ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်နှင့် ပညာရေးတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး B.Sc(Physic), D.T ဘွဲ့ ရရှိခဲ့သည်။ ၁၉၆၆ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ အ.ထ.က မြစ်သားတွင် အထက်တန်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။ ၁၉၈၆ ခုနှစ်မှ ယနေ့အထိ မြစ်သားမြို့နယ် ၊ မြို့ကုန်းရွာတွင် လယ်ယာလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း ၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းတွင် အမျိုးသားညီလာခံ တောင်သူလယ်သမား ကိုယ်စားလှယ်အဖြစ် အခြေခံဥပဒေများ ရေးဆွဲရာတွင် ပါဝင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အထိ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌအဖြစ် အ.ထ.က မြစ်သား တွင်လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေးတွင် မြို့နယ်ကော်မရှင်ခွဲ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ယနေ့အထိ မြစ်သားမြို့ ဘိုးဘွားရိပ်သာ ဥက္ကဋ္ဌအဖြစ်လည်း ကောင်း၊ မြစ်သားမြို့ မီးဘေး ကာကွယ်တားဆီးရေး ကော်မတီဝင်နှင့် မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ဝင် တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။