|
အမည် |
ဦးစိန်မြင့် |
|
အခြားအမည် |
ဦးလှကြွယ် |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၅/မရန(နိုင်)၀၁၆၂၈၇၊YEU-066173 |
|
မွေးသက္ကရာဇ်/အသက် |
၂၈-၁-၁၉၅၀/(၆၉)နှစ် |
|
မွေးဖွားရာဇာတိ |
ရေဦးမြို့ |
|
ပညာအရည်အချင်း |
B.A, Dip Ed |
|
လက်ရှိအလုပ်အကိုင် |
ခရိုင်အလုပ်အမှုဆောင်(NLD)၊ ဘကတာဝန်ခံကျောင်းအုပ်(စေတနာ) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးချစ် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သိန်းခင် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မြမြသန်း၊ ၅/မရန(နိုင်)၀၃၀၁၄၁၊ ကုန်သည် |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ကျော်စွာမြင့်၊ ၉/မခန(နိုင်) ၁၈၆၂၅၅၊ ဆန်ရောင်းဝယ်ရေး (၂) မောင်ထွန်းလင်းမြင့်၊ ၉/မခန(နိုင်) ၂၁၇၂၈၆၊ နိုင်ငံခြားသင်္ဘောသား |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(င/၂၉)၊ အမှတ်(၁၉)ရပ်ကွက် မြင်းခြံမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ခရိုင်အလုပ်အမှုဆောင် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြင်းခြံမြို့နယ် (ဒုတိယအကြိမ်-၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ အထကတွင် သင်ယူခဲ့ပြီး မန္တလေးဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ် မှ ဝိဇ္ဇာဘွဲ့နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပညာရေး ဒီပလိုမာတို့ ရရှိခဲ့သည်။ ရေဦးမြို့၊ ကုန်သွယ်ရေး-၁တွင် (ပ)ငွေကိုင်အဖြစ် လည်းကောင်း၊ တာလေမြို့၊ တာချီလိတ်မြို့၊ ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့တို့တွင် ပညာရေးဝန်ထမ်းအဖြစ်လည်း ကောင်း လုပ်ကိုင်ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် မုံရွာမြို့နယ်၊ မြို့နယ်စည်းရုံးရေးမှူး အဖြစ်လည်းကောင်း၊ မြင်းခြံခရိုင်၊ ခရိုင်လူမှုအထောက်အကူပြုအဖွဲ့တွင်လည်းကောင်း၊ ခရိုင် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မြင်းခြံမြို့ နယ်၊ ရှားတော ကျေးရွာ၊ ပုပ္ဗာရုဘုန်းတော်ကြီးသင်ပညာ ရေး မူလတန်းလွန်ကျောင်းတွင် ကျောင်းအကျိုးတော် ဆောင်နှင့် ကျောင်းအုပ်(စေတနာ) အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဂျင်းရှပ်စာအုပ်ဖြန့်ချိမှု၊ နိုင်ငံရေးစာရွက်စာတမ်းများ ဖြန့်ဝေမှုတို့ကြောင့် မန္တလေးအထူးတရားရုံးမှ ပုဒ်မ ၅(ည) ဖြင့် ထောင်ဒဏ်(၇)နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရဘူးပါသည်။ |
