ဒေါက်တာကျော်မြင့် (ချမ်းအေးသာဇံ မဲဆန္ဒနယ်)

အမည်

ဒေါက်တာကျော်မြင့်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ဗဟန(နိုင်) ၀၇၈၉၃၅

မွေးသက္ကရာဇ်/အသက်

၂၂-၁-၁၉၄၀ / (၇၀) နှစ်

မွေးဖွားရာဇာတိ

မန္တလေး

ပညာအရည်အချင်း

M.B.B.S, MRCP (UK), FRCP (Edin), FCCP (USA),FRCP (Gla), FRCP (Lond), Dr.Med.Sc (Yan)

လက်ရှိအလုပ်အကိုင်

ဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှစံ၊ AE -132388၊ကုန်သည်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ချို၊ AE- 132389၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နီလာသော်၊ ၁၂/လမန(နိုင်) ၀၂၅၄၀၇၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ကျော်ကျော်တင့်၊ ၉/မရမ (နိုင်) ၀၄၉၂၈၄၊ ကားရေဆေးဆီထိုး၊

(၂) မောင်ကျော်ကျော်သန့်၊ ၁၂/ဗဟန(နိုင်) ၀၇၂၄၂၄၊ ကားရောင်းအဝယ်၊

(၃) မနှင်းကလျာကျော်မြင့်၊ ၉/ပမန(နိုင်) ၂၃၈၃၂၄၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

၄/၂ (ဘီ)၊ ရွှေတောင်ကြားရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ချမ်းအေးသာဇံ မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ.ထ.က(၉)မန္တလေး၌ သင်ကြားခဲ့သည်။ ၁၉၅၆ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မန္တလေး ဆေးတက္ကသိုလ်၌ တက်ရောက် သင်ကြားခဲ့ပြီး M.B.B.S ဘွဲ့ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ တီဘီရောဂါဌာန ၊ မန္တလေးတွင် လက်ထောက် ဆရာဝန်အဖြစ်လည်း ကောင်း ၊ ၁၉၆၇ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ဆေးတက္ကသိုလ် ၊ မန္တလေးနှင့် ဆေးတက္ကသိုလ်(၁) ၊ ရန်ကုန်တို့၌ ဆေးပညာဌာနတွင် သရုပ်ပြအဖြစ်လည်းကောင်း ၊ ၁၉၇၂ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ဆေးတက္ကသိုလ် ၊ မန္တလေး ဆေးပညာဌာနတွင် လက်ထောက်ကထိက အဖြစ်လည်းကောင်း ၊ ၁၉၇၅ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် အထူးကု ဆရာဝန်ကြီးအဖြစ်လည်းကောင်း ၊ ၁၉၇၈ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ ဆေးတက္ကသိုလ်(၂) ၊ ရန်ကုန်ဆေးပညာဌာနတွင် ကထိကအဖြစ်လည်းကောင်း ၊ ၁၉၈၀ ပြည့်နှစ်မှ ၁၉၉၇ ခုနှစ်အထိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် သမား တော်ကြီး ၊ ကထိကနှင့်ပါမောက္ခ ၊ သမားတော်ကြီး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် ပါမောက္ခချုပ်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ဆေးသိပ္ပံပညာ ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း ၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ ကျန်းမာရေး ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှ ယနေ့အထိ ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင် လျက်ရှိသည်။ နိုင်ငံတော်မှ တာဝန်ပေးအပ်သော နိုင်ငံရေးနှင့် လူမှုရေး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေး တံဆိပ်၊ ပြည်သူ့ဝန်ထမ်း တံဆိပ်နှင့် နိုင်ငံတော် အေးချမ်းသာယာရေးတံဆိပ်တို့ ရရှိခဲ့သည်။