ဦးကိုကြီး (အောင်မြေသာဇံ မဲဆန္ဒနယ်)

အမည်

ဦးကိုကြီး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မနမ(နိုင်)ဝ၉၇၇၃၆

မွေးသက္ကရာဇ်/အသက်

၁၁-၁၂-၁၉၄၆/(၆၃) နှစ်

မွေးဖွားရာဇာတိ

သုံးဆယ်ပေးကျေးရွာ၊ မတ္တရာမြို့နယ်၊ မန္တလေးတိုင်း

ပညာအရည်အချင်း

B.Sc (Geology)

လက်ရှိအလုပ်အကိုင်

ဆီစက်၊ ဆီထွက်သီးနှံနှင့်ပဲမျိုးစုံရောင်းဝယ်ရေး

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအုန်းဖေ(ကွယ်လွန်)၊ သီးနှံပွဲရုံလုပ်ငန်း

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သိန်းရင်(ကွယ်လွန်)၊ ဆီထွက်သီးနှံနှင့်ပဲမျိုးစုံပွဲရုံလုပ်ငန်း

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြင့်မြင့်၊ ၉/မနမ(နိုင်) ၀၉၇၇၃၇၊ ရွှေဟင်္သာမင်း၊ ကုန်မျိုးစုံရောင်းဝယ်ရေး

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်မိုးကျော်၊ ၉/မနမ(နိုင်) ၀၀၁၀၄၈၊ ပိတောက်မြိုင်ဆီဆိုင်

(၂) မနီလာကို၊ ၉/မနမ(နိုင်) ၀၀၁၀၄၉၊ ရွှေဟင်္သာမင်းရောင်းဝယ်ရေး

(၃) မသီတာကို၊ ၉/မနမ(နိုင်) ၀၀၃၆၀၁၊ ရွှေဟင်္သာမင်းရောင်းဝယ်ရေး

အမြဲတမ်းနေရပ်လိပ်စာ

၁၉x၂၀ လမ်းကြား၊ ၈၉လမ်း၊ အကွက်(၁၀၁)၊မင်းတဲအီကင်း၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အောင်မြေသာဇံမြို့နယ်(ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာ မူလတန်းကျောင်း ၊ ဒိုင်အိုစီဆင်သံတဲကျောင်း ၊ ပွဲကုန်းအလွတ် ပညာသင်ကျောင်းနှင့်သျှန်တက္ကသိုလ်ကျောင်းတို့၌ ပညာသင်ကြားခဲ့သည်။မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်၌ ပညာဆက်လက် သင်ကြားခဲ့ရာ သိပ္ပံဘွဲ့(ဘူမိဗေဒ) ရရှိခဲ့သည်။ ဆီစက်လုပ်ငန်း ၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းတို့ကို မတ္တရာမြို့နယ် သုံးဆယ်ပေး ကျေးရွာနှင့်မန္တလေးမြို့ ဒါးတန်းရပ် ပြည်ကြီးကျက်သရေအနောက် ၊ ရေကြည်ရပ် သီရိမာလာအရှေ့နှင့် အကွက်(၁၀၁) မင်းတဲအီကင်းတို့၌ လုပ်ကိုင်ခဲ့သည်။

ပွဲစား၊ ကုန်သည်၊ စက်ပိုင်များအသင်းနှင့် MRCCIတွင် အလုပ်အမှုဆောင် ၊ ဒု-ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဆီကုန်သည်နှင့် ဆီစက်ပိုင်များ အသင်းတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း ၊ အောင်မြေသာစံမြို့နယ်တွင် မြို့မိမြို့ဖအဖြစ်လည်းကောင်း ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။