ဦးဝင်းထိန်(မိတ္ထီလာ မဲဆန္ဒနယ်)

အမည်

ဦးဝင်းထိန်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/အစန(နိုင်) ၁၆၈၉၆၃

မွေးသက္ကရာဇ်/အသက်

Wednesday, December 24, 1941

မွေးဖွားရာဇာတိ

ဆည်ကုန်းရွာ ၊ အလည်ရွာဇာတိ၊ မိတ္ထီလာမြို့နယ်

ပညာအရည်အချင်း

သိပ္ပံဘွဲ့ ၊ ရုရှားဘာသာဒီပလိုမာ

လက်ရှိအလုပ်အကိုင်

ဗိုလ်ကြီး(ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှထွန်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်စု (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သိန်းမြင့်ကြည်၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မဝင်းစုကြည်၊ လ/ထ စက်ရုံမှူး၊ မဲဘုန်းမြို့၊ သြစတေးလျ

(၂) မောင်ဆန်းဝင်းထိန်၊ လ/ထ မန်နေဂျာ၊ အာမခံလုပ်ငန်း၊ ဆန်ဖရန်စစ္စကို၊ USA

(၃) မောင်အောင်ခန့်ဝင်းထိန်၊ ကုမ္ပဏီဝန်ထမ်း၊ ရန်ကုန်မြို့

(၄) မချစ်စုဝင်းထိန်၊ Admin လက်ထောက် Edulink ပညာရေးလုပ်ငန်း

အမြဲတမ်းနေရပ်လိပ်စာ

၄၃၇(က)၊ ဗိုလ်ကုန်း၊ အထက်မင်းကြီးလမ်း၊ အရှေ့ရွာမ၊ အင်းစိန်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မိတ္ထီလာ မြို့နယ်

(ပထမအကြိမ် - ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို မိတ္ထီလာမြို့၊ အ.မ.က (အလယ်ရွာ)နှင့် အ.ထ.က (၁)တို့တွင် သင်ယူခဲ့သည်။ ပြင်ဦးလွင် မြို့ စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့နှင့် ဘာသာခြားစာသင်တက္ကသိုလ်မှ ရုရှားဘာသာဒီပလိုမာ ရရှိခဲ့သည်။ မိတ္ထီလာမြို့ သစ်တောရုံးတွင် အောက်တန်းစားရေး တာဝန်၊ တပ်မတော်(ကြည်း)တွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ စစ်ဦးစီး(တတိယတန်း)တာဝန်နှင့် စက်မှုစီးပွားကိုယ်စားလှယ် (Technical Representative) တာဝန်များ ထမ်းဆောင်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ၁၉၈၈ ခုနှစ်မှ စတင်ပါဝင်ခဲ့သည်။ နိုင်ငံရေး အကျဥ်းသားအဖြစ် ၁၉၈၉ မှ ၁၉၉၅ ထိလည်းကောင်း၊ ၁၉၉၆ မှ ၂၀၁၂ ထိလည်းကောင်း ကျခံခဲ့သည်။ ပုဒ်မ ၅(ည) နှင့် ပုဒ်မ ၅(င) တပ်မတော်မှ အငြိမ်းစားမယူမီ ၆ လခန့် ထိန်းသိမ်း ခံခဲ့ရဖူးသည်။