ဦးမင်းသိန်း ( ငါန်းဇွန်မဲဆန္ဒနယ်)

အမည်

ဦးမင်းသိန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ငဇန(နိုင်)၀၂၀၀၁၄

မွေးသက္ကရာဇ်/အသက်

၁၃-၁၁-၁၉၆၉/(၄၆)နှစ်

မွေးဖွားရာဇာတိ

အမှတ်(၄)ရပ်ကွက်၊ ငါန်းဇွန်မြို့

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့(သမိုင်း)

လက်ရှိအလုပ်အကိုင်

ဈေးသည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးရဲသိန်း၊ SGG-1142481၊ (ကွယ်လွန်)(၂၀၀၉)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြင့်ဝေ၊ NZN-037210၊မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ရီရီမြင့်၊ ၅/ငဇန(နိုင်)၀၆၁၈၃၉၊ ဈေးရောင်း

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမေမြင့်မိုရ်၊ (ပဉ္စမတန်း)(ကျောင်းသူ)

(၂) မောင်ဟန်နိုင်မြင့်မိုရ်၊ (တတိယတန်း) (ကျောင်းသား)

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၄)ရပ်ကွက်၊ ငါန်းဇွန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင်၊ ဥက္ကဋ္ဌ၊ ငါန်းဇွန်မြို့နယ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ငါန်းဇွန်မြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာအဆင့်ကို အ.ထ.က ငါန်းဇွန်တွင် သင်ယူခဲ့သည်။ တက္ကသိုလ်အဆင့်ကို မုံရွာဒီဂရီကောလိပ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် တက်ရောက်သင်ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့(သမိုင်း)ရရှိခဲ့သည်။ ငါန်းဇွန်မြို့နယ် ပညာရေးဝန်ထမ်း(အလယ်တန်းပြ)အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် တံတားဦး မြို့နယ်လုံးဆိုင်ရာ အောင်နိုင်ရေးနှင့် ၂၀၁၃ ခုနှစ်မှ ယနေ့အထိ ငါန်းဇွန်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ငါန်းဇွန်မြို့ပေါ်နှင့် အနီးဝန်းကျင် နယ်မြေများတွင် သာရေး/နာရေး/ ဘာသာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် အမျိုးသမီးတစ်ဦး၏ မိဘစော်ကားမှုကို ဒေါသမထိန်းနိုင်ဘဲ လက်ရောက်ပြစ်မှုလက်တုံ့ပြန်ခဲ့ရာ သွားတစ်ချောင်းကျိုး ပြင်းထန်စေမှုဖြင့် ၂၀၁၁ ခုနှစ်တွင် ထောင်(၆)လ အပြစ်ပေးခံခဲ့ရသည်။