|
အမည် |
ဦးအောင်သောင်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၃/ကလန(နိုင်) ၀၁၁၈၄၉ |
|
မွေးသက္ကရာဇ်/အသက် |
၁-၁၂-၁၉၄၀ / (၇၀) နှစ် |
|
မွေးဖွားရာဇာတိ |
ကျောက္ကာရွာ၊ တောင်သာမြို့နယ် |
|
ပညာအရည်အချင်း |
B.A |
|
လက်ရှိအလုပ်အကိုင် |
ဝန်ကြီး၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ နေပြည်တော် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဖိုးစံ ၊ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှကြီး ၊ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်ခင်ရီ၊ ၁၃/ ကလန(နိုင်) ၀၁၁၈၅၀၊ အထက်တန်းပြဆရာမ (ငြိမ်း) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဗိုလ်မှူးကြီးမိုးအောင်၊ ၁၂/ ဗတထ (နိုင်) ၀၀၇၃၇၀၊ စစ်မှုထမ်း (၂) ဦးနေအောင်၊ ၉/မနမ (နိုင်) ၁၂၂၈၄၀၊ လုပ်ငန်းရှင် |
|
အမြဲတမ်းနေရပ်လိပ်စာ |
အိမ်အမှတ် ၁ဝ၉၉၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရ(တောင်)ရပ်ကွက်၊ နေပြည်တော် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တောင်သာ မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို တောင်သာမြို့နယ် ကျောက္ကာရွာ အစိုးရ မူလတန်းကျောင်းနှင့် ဝဲလောင် အစိုးရအထက် တန်းကျောင်းတို့၌ သင်ကြားခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် မန္တလေး တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ မကွေးတိုင်း၊ မြို့သစ်မြို့ အစိုးရ အထက်တန်းကျောင်း၌ ၁၉၆၂ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ အထက်တန်းပြ ဆရာတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ဗိုလ်လောင်း သင်တန်း အမှတ်စဥ်(၃၁) တက်ရောက်ပြီး ခလရ (၉၅)၊ ခလရ(၆၇)၊ တမခ(၆၆)၊ ခမရ(၁၀၉)၊ ကစထ(၁)၊ ခလရ(၇)၊ ရပခ၊ လပခ တပ်များတွင် တပ်ရင်းမှူး၊ ဗျူဟာမှူး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်မှစ၍ မကွေးတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ကိုလည်းကောင်း၊ ၁၉၉၃ ခုနှစ်မှစ၍ ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထို့နောက် တပ်မတော်မှ ဗိုလ်မှူးကြီး အဆင့်ဖြင့် အငြိမ်းစား ယူခဲ့သည်။ ၁၉၉၆ ခုနှစ်မှစ၍ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၅-၁၁-၉၇ နေ့မှစ၍ စက်မှု(၁)ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ယနေ့အထိ ဆောင်ရွက်လျက်ရှိသည်။ အစိုးရအဖွဲ့တွင် ဝန်ကြီး အဖြစ်ပါဝင် ဆောင်ရွက်ရင်း နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စက်မှု ဖွံ့ဖြိုးရေးတာဝန်များကို ပူးတွဲထမ်း ဆောင်ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းတွင် ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုအတွင်းရေးမှူး စသည့် တာဝန်များ အဆင့်ဆင့်ယူခဲ့ပြီး ကချင်ပြည်နယ် တာဝန်ခံ၊ မန္တလေးတိုင်း တာဝန်ခံများအဖြစ် ဆောင်ရွက်ခဲ့သည်။ တပ်တော် စစ်မှုထမ်းကောင်း တံဆိပ်များ ရရှိပြီး ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်နှင့် စီမံ ထူးချွန်(ပထမအဆင့်) ချီးမြှင့်ခံရသည်။ ပြည်ပ နိုင်ငံ(၁၂)နိုင်ငံသို့ တာဝန် အမျိုးမျိုးဖြင့် သွားရောက်ခဲ့သည်။ |
