ဦးစော( ညောင်ဦးမဲဆန္ဒနယ်)

အမည်

ဦးစော

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မရတ(နိုင်)၀၀၆၇၀၀

မွေးသက္ကရာဇ်/အသက်

၁၃-၇-၁၉၅၁/(၆၄)နှစ်

မွေးဖွားရာဇာတိ

နတ်ပလင်ရွာ၊ ညောင်ဦးမြို့နယ်

ပညာအရည်အချင်း

မဟာဝိဇ္ဇာ(သမိုင်း)၊ ၁၉၈၁ ခုနှစ်၊ RASU

လက်ရှိအလုပ်အကိုင်

ပါမောက္ခဌာနမှူး(ငြိမ်း)၊ သမိုင်းဌာန၊ မန္တလေးအဝေးသင်တက္ကသိုလ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမောင်သန်၊ ၉/ညဥန(နိုင်)၀၄၈၈၃၃

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မြိုင်၊ PGN-၀၃၇၄၃၃၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးသောင်း၊ ၉/မရတ(နိုင်)၁၀၂၂၆၄၊စာရင်းစစ်မှူး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စာရင်းစစ်ရုံး၊ မန္တလေး

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါ်ယုမွန်စော၊ ၉/ညဥန(နိုင်)၁၁၃၅၂၁၊ဓာတ်ခွဲ(၃)၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး

(၂) ဒေါက်တာညွန့်ရွှေအောင်၊ ၉/ညဥန(နိုင်) ၁၄၁၅၂၆၊ လ/ထ ဆရာဝန်၊ ဖျောက်ဆိပ်ပင် တိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်

(၃) ဒေါက်တာနှင်းဖြူဖြူစော၊ ၉/ညဥန(နိုင်) ၁၄၁၅၂၇၊ သရုပ်ပြဆရာဝန်၊ ဘွဲ့လွန် တတိယနှစ်၊ (ကလေးကျန်းမာပညာ)၊မန္တလေးဆေးတက္ကသိုလ်

(၄) ဒေါက်တာခင်သီတာစော၊ ၉/ညဥန(နိုင်) ၁၅၁၈၆၇၊ လ/ထ ဆရာဝန်၊ ဘွဲ့လွန် ပထမနှစ် (အရေးပေါ်ကုသမှုဆေးပညာ)၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်

(၅) ဒေါက်တာတင်နီလာစော၊ ၉/ညဥန(နိုင်) ၁၆၈၁၃၇၊ လ/ထ ဆရာဝန်၊ မန္တလေး အထွေထွေရောဂါကုပြည်သူ့ဆေးရုံ

အမြဲတမ်းနေရပ်လိပ်စာ

ကံသာယာရပ်၊ ဈေးအရှေ့ဘက်၊ ညောင်ဦးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ညောင်ဦးမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို ၁၉၅၉ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ညောင်ဦး မြို့နယ်၊ နတ်ပလင်ရွာ၊ အ.မ.က၊ အ.ထ.က၊ တောင်ဇင်း အ.လ.ကတို့တွင် သင်ယူခဲ့ သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ မကွေးဒီဂရီကောလိပ်နှင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်တို့တွင် တက်ရောက်သင်ကြားခဲ့ပြီး မဟာဝိဇ္ဇာ(သမိုင်း)ဘွဲ့ကို ရရှိခဲ့ သည်။ ၁၉၉၃ ခုနှစ်တွင် ဖောင်ကြီး၌ တက္ကသိုလ်ကောလိပ် အထူးမွမ်းမံသင်တန်း(၂) ကို တက်ရောက်ခဲ့သည်။
ညောင်ဦးမြို့နယ်၊ စုတည်ရွာ အ.မ.ကတွင် မူလတန်းပြဆရာအဖြစ် လည်းကောင်း၊ အ.ထ.ကတွင် အထက်တန်းပြဆရာအဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၄-၂-၁၉၈၆ ရက်နေ့မှ ၂၄-၆-၁၉၉၃ ရက်နေ့အထိ မန္တလေးနှင့် ပခုက္ကူ တက္ကသိုလ် သမိုင်းဌာနများတွင် နည်းပြအဖြစ်လည်းကောင်း၊ ၂၅-၆-၁၉၉၃ ရက်နေ့ မှ ၂၅-၇-၁၉၉၄ ရက်နေ့အထိ ပခုက္ကူတက္ကသိုလ် သမိုင်းဌာနတွင် လက်ထောက် ကထိကအဖြစ်လည်းကောင်း၊ ၂၇-၇-၁၉၉၄ ရက်နေ့မှ ၂၆-၁-၁၉၉၈ ရက်နေ့အထိ မန္တလေးတက္ကသိုလ် သမိုင်းဌာနတွင် လက်ထောက်ကထိကအဖြစ်လည်းကောင်း၊ ၂၉-၁-၁၉၉၈ ရက်နေ့မှ ၃၁-၈-၁၉၉၉ ရက်နေ့အထိ ကလေးကောလိပ် သမိုင်းဌာန တွင် လက်ထောက်ကထိက(ဌာနမှူး)နှင့် ကထိက(ဌာနမှူး)အဖြစ်လည်းကောင်း၊ ၇-၉-၁၉၉၉ ရက်နေ့မှ ၁၀-၇-၂၀၀၀ ရက်နေ့အထိ မန္တလေးတက္ကသိုလ် သမိုင်းဌာန တွင် ကထိကအဖြစ်လည်းကောင်း၊ ၁၂-၇-၂၀၀၀ ရက်နေ့မှ ၇-၃-၂၀၀၅ ရက်နေ့ အထိ မန္တလေးမြို့၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ် သမိုင်းဌာနတွင် ကထိက(ဌာနမှူး)နှင့် တွဲဖက်ပါမောက္ခ(ဌာနမှူး)တို့ အဖြစ်လည်းကောင်း၊ ၈-၃-၂၀၀၅ ရက်နေ့မှ ၁၀-၃-၂၀၁၀ ရက်နေ့အထိ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် သမိုင်းဌာနတွင် ပါမောက္ခ(ဌာနမှူး)အဖြစ် လည်းကောင်း၊ ၁၀-၃-၂၀၁၀ ရက်နေ့မှ ၂-၁၁-၂၀၁၁ ရက်နေ့အထိ မန္တလေး အဝေးသင်တက္ကသိုလ် သမိုင်းဌာနတွင် ပါမောက္ခ(ဌာနမှူး)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ မန္တလေးတက္ကသိုလ် သမိုင်းဌာနတွင် ၁၉၉၉ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ Supervisor, External Examiner MA, MRes အဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ် မှ ယနေ့အထိ External Examiner Referee, Ph.D အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ရပ်ရွာ၊ သာရေးနာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။