ဦးစိုးမြင့်( အမရပူရမဲဆန္ဒနယ်)

အမည်

ဦးစိုးမြင့်

အခြားအမည်

ဦးအောင်ဇော်မြင့်

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မရမ(နိုင်)၀၁၉၄၂၀

မွေးသက္ကရာဇ်/အသက်

၁၀-၁၂-၁၉၅၂/ (၆၃)နှစ်

မွေးဖွားရာဇာတိ

ပဲနွယ်ကုန်းမြို့၊ ပဲခူးတိုင်းဒေသကြီး

ပညာအရည်အချင်း

မဟာသိပ္ပံ(ရူပဗေဒ) ၁၉၇၈ ခုနှစ်

လက်ရှိအလုပ်အကိုင်

အထည်လုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှ၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန်း၊ NBN-၀၁၂၀၈၂၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါက်တာခင်ဆွေမြင့်၊ ၉/မရမ(နိုင်)၀၁၉၄၂၁၊ပါမောက္ခချုပ်(ငြိမ်း)၊ မန္တလေးတက္ကသိုလ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မကေဇင်စိုး၊ ၉/အမရ(နိုင်)၁၂၃၃၉၂၊နောက်ဆုံးနှစ်အပိုင်း(ခ)၊ ဆေးတက္ကသိုလ်၊ မန္တလေး

အမြဲတမ်းနေရပ်လိပ်စာ

ရ.တ(၈၁)၊ တရုတ်တန်းလမ်း၊ ရွှေဂွမ်းထုပ် ရပ်ကွက်၊ အမရပူရမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အဖွဲ့ဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊အမရပူရမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို ညောင်လေးပင်မြို့ အ.ထ.က(၁)တွင် သင်ယူခဲ့သည်။ မန္တလေးတက္ကသိုလ်တွင် တက်ရောက်သင်ကြားခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် မဟာသိပ္ပံ(ရူပဗေဒ)ဘွဲ့ကို ရရှိခဲ့သည်။ မန္တလေးတက္ကသိုလ်နှင့် မိတ္ထီလာကောလိပ်တို့တွင် ရူပဗေဒဌာန၊ သရုပ်ပြ ဆရာအဖြစ်လည်းကောင်း၊ မန္တလေးတက္ကသိုလ် ရူပဗေဒဌာနတွင် လက်ထောက် ကထိကအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါတွင် အမရပူရ မြို့၌ အထည်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။ အမရပူရမြို့နယ် မြို့မိ/မြို့ဖအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မဟာဝိဇယရံသီ ပုထိုးတော်ကြီးနှင့် ရွှေအိုးရ-ရွှေဖားရမြတ်စွာဘုရားတို့တွင် ဂေါပကဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။