ဒေါက်တာလင်းလင်းကျော် (မြစ်သားမဲဆန္ဒနယ်)

အမည်

ဒေါက်တာလင်းလင်းကျော်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မသန(နိုင်)၀၈၁၃၀၀

မွေးသက္ကရာဇ်/အသက်

၂၇-၁၁-၁၉၇၆/(၃၉)နှစ်

မွေးဖွားရာဇာတိ

ကူမဲကျေးရွာ၊ မြစ်သားမြို့နယ်

ပညာအရည်အချင်း

M.B.B.S

လက်ရှိအလုပ်အကိုင်

ဆရာဝန်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဘိုပန်၊ ၉/မသန(နိုင်)၀၂၄၁၀၈၊ မှီခို

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြသင်၊ ၉/မသန(နိုင်)၀၂၄၁၀၉၊မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မျိုးမမ၊ ၉/ပသက(နိုင်)၀၇၁၁၃၆၊လူသုံးဆေးဝါးအရောင်းအဝယ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

တောက်ပရစ်စေတီလမ်း၊ သာယာအေးရပ်၊ကူမဲကျေးရွာ၊ မြစ်သားမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊မြစ်သားမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ၁၉၈၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိကူမဲအခြေခံပညာ အထက်တန်းကျောင်းတွင် သင်ကြားခဲ့သည်။ ၁၉၉၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ရာ ၂၀၀၄ ခုနှစ်တွင် M.B.B.Sဘွဲ့ရရှိခဲ့ သည်။
၂၀၀၄ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ Sales and Marketing manager, Fame PharamaceuticalsCo,Ltdအဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ District Sales Managerအဖြစ်လည်းကောင်း၊ Assistant Marketing Manager, Pfizer, Mega Co,Ltdအဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ယခုအချိန်အထိကိုယ်ပိုင်ပုဂ္ဂလိကဆေးခန်းကိုလည်းကောင်းလုပ်ကိုင်ခဲ့သည်။

မြစ်သားမြို့နယ်၊ ကူမဲကျေးရွာတွင် ဗြဟ္မပါလကုသိုလ်ဖြစ်ဆေးခန်း အတွင်းရေးမှူး နှင့် တာဝန်ခံဆရာဝန်အဖြစ်လည်းကောင်း၊ အ.ထ.က ကူမဲကျောင်းသား/ကျောင်းသူဟောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆပ်ကော်မတီ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ စာပေဟောပြောပွဲဖြစ်မြောက်ရေးဆပ်ကော်မတီ အတွင်းရေးမှူး အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။