|
အမည် |
ဒေါက်တာမောင်သင်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/ဥကတ(နိုင်)၁၀၁၀၄၈ |
|
မွေးသက္ကရာဇ်/အသက် |
၁၃-၄-၁၉၅၅/(၆၁)နှစ် |
|
မွေးဖွားရာဇာတိ |
ရွှေလှေစုကျေးရွာ၊ သနပ်ပင်မြို့နယ် |
|
ပညာအရည်အချင်း |
B.Sc, M.Sc, Ph.D |
|
လက်ရှိအလုပ်အကိုင် |
ပါမောက္ခချုပ်(ငြိမ်း) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးမာစီ၊ TPN-၀၅၅၇၇၇၊ တောင်သူ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကျင်ကျင်၊ TPN-၀၅၅၇၇၈၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ချိုချိုသိန်း၊ ၁၂/ဥကတ(နိုင်)၁၀၁၀၄၇ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဒေါ်လှိုင်နွယ်သင်း၊ ၁၀/မလမ(နိုင်)၁၆၀၅၉၀၊ သရုပ်ပြ၊ မိတ္ထီလာတက္ကသိုလ်(ယခု-ပညာတော်သင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ) (၂) ဒေါ်မေဖြိုးသင်း၊ ၉/အမရ(နိုင်)၁၃၂၀၄၆၊ သရုပ်ပြ၊ မန္တလေးတက္ကသိုလ် |
|
အမြဲတမ်းနေရပ်လိပ်စာ |
၁၅၇/၁၊ ငှက်တော်လမ်း၊ ၁၄ ရပ်ကွက်၊တ/ဥက္ကလာပ၊ ရန်ကုန်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပါတီဝင် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မိတ္ထီလာမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်ကအခြေခံပညာကိုသနပ်ပင်မြို့နယ် အ.ထ.ကတွင် သင်ယူခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိမော်လမြိုင်တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် တို့တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီးB.Scဘွဲ့နှင့် M.Scဘွဲ့တို့ကိုရရှိခဲ့သည်။ ၁၉၈၅ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ဂျာမနီနိုင်ငံ Uni Marburg တွင် ပညာသင်ကြားခဲ့ပြီး Ph.Dဘွဲ့ ရရှိခဲ့သည်။ ၂၆-၆-၁၉၉၀ ရက်နေ့မှ ၁၇-၇-၁၉၉၀ ရက်နေ့အထိ အိန္ဒိယနိုင်ငံတွင် JadaparUniCryo biology ဘွဲ့လွန် သင်တန်းကိုလည်းကောင်း၊ ဂျာမနီနိုင်ငံ Uni Marburg ၌ ၃-၂-၁၉၉၆ ရက်နေ့မှ ၃၀-၆-၁၉၉၆ ရက်နေ့အထိ၊ ၁-၄-၁၉၉၉ ရက်နေ့မှ ၂၉-၁၁-၁၉၉၉ ရက်နေ့အထိ၊ ၃၀-၃-၂၀၀၁ ရက်နေ့မှ ၃၁-၆-၂၀၀၁ ရက်နေ့အထိတို့တွင် ဘွဲ့လွန်သုတေသန ကိုလည်းကောင်း တက်ရောက်ခဲ့သည်။ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ဝန်ထမ်းရေးရာ သင်တန်းအမှတ်စဉ်(၅၁)ကို ၂၆-၃-၁၉၈၁ ရက်နေ့မှ ၈-၈-၁၉၈၁ ရက်နေ့အထိ လည်းကောင်း၊ ဆရာဆရာမများမွမ်းမံသင်တန်း(၁)ကို ၂၅-၁-၁၉၉၂ ရက်နေ့မှ ၂၂-၂-၁၉၉၂ ရက်နေ့အထိလည်းကောင်း တက်ရောက်ခဲ့သည်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၁ခုနှစ်အထိ ရုက္ခဗေဒဌာနဆေးတက္ကသိုလ်(၁)တွင် သရုပ်ပြအဖြစ်လည်းကောင်း၊ ၁-၁-၁၉၈၂ ရက်နေ့မှ ၃၁-၁၂-၁၉၉၂ ရက်နေ့အထိ ရန်ကုန်တက္ကသိုလ်ရုက္ခဗေဒဌာနတွင် သရုပ်ပြနှင့် လက်ထောက်ကထိကတာဝန် တို့ကိုလည်းကောင်း၊ ၇-၁-၁၉၉၃ ရက်နေ့မှ ၃၁-၅-၂၀၀၀ ရက်နေ့အထိမော်လမြိုင် တက္ကသိုလ် ရုက္ခဗေဒဌာနတွင် လက်ထောက်ကထိကနှင့် ကထိကတာဝန်များကို လည်းကောင်း၊ ၁-၆-၂၀၀၀ ရက်နေ့မှ ၁၁-၁၂-၂၀၀၁ ရက်နေ့တွင် တောင်ငူ တက္ကသိုလ် ရုက္ခဗေဒဌာနတွင် တွဲဖက်ပါမောက္ခအဖြစ်လည်းကောင်း၊ ၁၂-၁၂-၂၀၀၁ ရက်နေ့မှ ၂၁-၁၁-၂၀၀၅ ရက်နေ့အထိမန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာနတွင် ပါမောက္ခ(ဌာနမှူး)အဖြစ်လည်းကောင်း၊ ၁၇-၁-၂၀၀၄ ရက်နေ့မှ ၁၄-၃-၂၀၀၄ ရက်နေ့အထိ ဂျာမနီနိုင်ငံ Uni Marburg တွင် ဧည့်ပါမောက္ခအဖြစ်လည်းကောင်း၊ ၂၁-၁၁-၂၀၀၅ ရက်နေ့မှ ၃၁-၃-၂၀၀၇ ရက်နေ့အထိ ရတနာပုံတက္ကသိုလ်တွင် ဒုတိယပါမောက္ခချုပ်အဖြစ်လည်းကောင်း၊ ၁-၄-၂၀၀၇ ရက်နေ့မှ ၂၆-၆-၂၀၀၈ ရက်နေ့အထိ အဆင့်မြင့်ပညာဦးစီးဌာန(အထက်မြန်မာပြည်)တွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း၊ ၂၇-၆-၂၀၀၈ ရက်နေ့မှ ၆-၅-၂၀၁၄ ရက်နေ့အထိ မိတ္ထီလာတက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ်လည်းကောင်း၊ ၆-၅-၂၀၁၄ ရက်နေ့မှ ၃၁-၇-၂၀၁၅ရက်နေ့အထိ မန္တလေးတက္ကသိုလ်တွင် ပါမောက္ခချုပ် အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ |
