ဦးငြိမ်းသစ်(မဟာအောင်မြေ မဲဆန္ဒနယ်)

အမည်

ဦးငြိမ်းသစ်

အခြားအမည်

ဦးသောင်းထွန်း

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မရတ(နိုင်)၁၀၃၂၅၅

မွေးသက္ကရာဇ်/အသက်

၁၆-၁၁-၁၉၅၉/(၅၆)နှစ်

မွေးဖွားရာဇာတိ

မန္တလေးမြို့

ပညာအရည်အချင်း

နောက်ဆုံးနှစ်(မြန်မာစာ)

လက်ရှိအလုပ်အကိုင်

စာရေးဆရာ၊ အယ်ဒီတာ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသာဌေး၊ AE-၀၆၂၄၃၁၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်၊ AE-၀၆၂၄၃၂၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မာလာ၊ MDYNW-၀၂၆၇၈၆၊ရွှေပန်းတိမ်လုပ်ငန်း

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမေရည်ငြိမ်းချမ်း၊ ၉/အမရ(နိုင်)၁၂၂၇၈၅အကြီးတန်းသတင်းထောက်

(၂) မောင်မြတ်မင်းခန့်၊ ၉/အမရ(နိုင်)၁၂၂၈၁၅ကွန်ပျူတာဒီဇိုင်နာ

(၃) မောင်မြတ်မင်းသန့်၊ ၉/အမရ(နိုင်)၁၄၆၉၃၀နည်းပညာတက္ကသိုလ်ကျောင်းသား

(၄) မမေဘယ်ငြိမ်းချမ်း(ကျောင်းသူ)

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၃၇/၆)၊ ၅၂၁ ရပ်ကွက်၊ မဟာအရှေ့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မဟာအောင်မြေမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို မူလတန်းမှ အထက်တန်းအထိ မန္တလေးမြို့၊ အ.လ.က(၂) ပေါက်မြိုင်ကျောင်း၊ အ.ထ.က(၁၃)တို့တွင် သင်ကြားခဲ့သည်။ မန္တလေး တက္ကသိုလ်တွင် တတိယနှစ်(မြန်မာစာ)ကိုလည်းကောင်း၊ ရတနာပုံတက္ကသိုလ် (အဝေးသင်ဌာနခွဲ)တွင် နောက်ဆုံးနှစ်(မြန်မာစာ)ကိုလည်းကောင်း တက်ရောက်ခဲ့သည်။
စာကြည့်တိုက်မှူး၊ ပြည်တွင်းကုန်တင်ကုန်ချ (မန္တလေးဘူတာကြီး)၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေး၊ ငြိမ်းချမ်းဗီဒီယို(မန္တလေး)နှင့် အယ်ဒီတာ၊ ဒီလှိုင်းစာစောင် အဖွဲ့ချုပ်အဖြစ်လုပ်ကိုင်ခဲ့ပြီး ကဗျာ၊ သီချင်း၊ ပန်းချီ၊ စာပေလူမှုကူညီရေးအဖွဲ့ဝင်၊ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂအတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ သည်။
၁၉၉၉ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ပုဒ်မ-၁၇/၁၊ ၁၃/၁ ဖြင့် ထောင်ဒဏ် (၈)နှစ် ကျခံခဲ့ရပြီး အမေရိကန်၊ နယူးယောက်အခြေစိုက်(CPJ)မှ ချီးမြှင့်သော International Press Freedom Award နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆုနှင့် ၂၀၁၀ ခုနှစ်တွင် ရွှေအမြုတေစာပေဆုတို့ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။