ဒုတိယဗိုလ်မှူးကြီးထင်လင်းဦး(တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အမည်

ဒုတိယဗိုလ်မှူးကြီးထင်လင်းဦး

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၄၈၉၄

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/တဆန(နိုင်) ၀၇၃၄၁၃

မွေးသက္ကရာဇ်/အသက်

၁၈-၃-၁၉၇၈/(၃၈)နှစ်

မွေးဖွားရာဇာတိ

လမ်းဆုံ၊ တန့်ဆည်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

ပညာအရည်အချင်း

M.B.B.S ၊ M.Med.Sc (Pathology)

လက်ရှိအလုပ်အကိုင်

ပါရဂူ/ဌာနမှူး၊ ရောဂါဗေဒဌာန၊ သမက(၂/၃၀၀)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဘိုးသောင်း၊ ၅/တဆန(နိုင်)၀၀၁၁၂၈၊ မှီခို

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ဝင်း၊ ၅/ တဆန(နိုင်)၀၀၁၁၂၉၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သူဇာအောင်၊ ၉/မရမ(နိုင်)၀၁၄၂၂၂၊ ပင်မကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မဖူးပွင့်ရွှေစင်အောင်၊ မှီခို

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၇၂)၊ ၈၅လမ်း၊၃၂ x ၃၃ လမ်းကြား၊ မလွန်ရပ်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ဒုတိယအကြိမ်)

   

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို တန့်ဆည်မြို့နယ် အ.မ.က(လမ်းဆုံ)နှင့် အ.ထ.က (တန့်ဆည်) တို့တွင် သင်ယူခဲ့သည်။ တပ်မတော်ဆေးတက္ကသိုလ်တွင် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၃)အား တက်ရောက်ခဲ့ပြီး ဆေးပညာဘွဲ့နှင့် ဆေးပညာမဟာ သိပ္ပံဘွဲ့ (ရောဂါဗေဒ)တို့ ရရှိခဲ့သည်။
မဆရ(၉)နှင့် တဆရ(၆/၁၀၀)တို့တွင် ဗိုလ်အဆင့်ဖြင့် ဆေးမှူးတာဝန်၊ တဆရ (၆/၁၀၀)၊ ဆရက(၁/၁၀၀၀)၊ တဆတနှင့် မဆရ(၁)တို့တွင် ဗိုလ်ကြီးအဆင့် ဖြင့်ဆေးမှူး၊ ဆေးမှူး/ပါရဂူ၊ လ/တကထိက၊ ရောဂါဗေဒပါရဂူတာဝန်၊ မဆရ(၁) ခွဲ(၃)တွင် ဗိုလ်မှူးအဆင့်ဖြင့် တပ်ခွဲမှူးတာဝန်တို့ကို အဆင့်ဆင့်ထမ်းဆောင်ခဲ့သည်။ သမက(၂/၃၀၀)တွင် ဗိုလ်မှူးအဆင့်ဖြင့် ပါရဂူ/ဌာနမှူးတာဝန်ထမ်းဆောင်လျက်ရှိသည်။