ဦးစိုင်းသန့်ဇင်( သီပေါမဲဆန္ဒနယ်)

အမည်

ဦးစိုင်းသန့်ဇင်

အခြားအမည်

စိုင်းစင့်ဆိုင်

လူမျိုး/ဘာသာ

ရှမ်း/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/တကန(နိုင်)၀၀၄၆၅၉

မွေးသက္ကရာဇ်/အသက်

၁၃.၈.၁၉၆၅/ (၅၀)နှစ်

မွေးဖွားရာဇာတိ

ရှမ်းစုရပ်ကွက်၊ တိုက်ကြီးမြို့

ပညာအရည်အချင်း

B.Sc (Maths) (၁၉၈၆)

လက်ရှိအလုပ်အကိုင်

ဥယျာဉ်ခြံ (စိုက်ပျိုးရေး)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးထွန်းလှ၊ ၁၂/တကန(နိုင်)၀၀၄၆၅၇ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စိန်မှုံ၊ ၁၂/တကန(နိုင်) ၀၀၄၆၅၈၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

နန်းအဲလိတ်၊ ၁၃/ကမန(နိုင်) ၀၃၄၇၉၆၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) နန်းခမ်းစွမ်ဖွေး၊ ၁၃/မငန(နိုင်) ၀၀၆၉၅၂၊ ရူပဗေဒဒုတိယနှစ်ကျောင်းသူ

(၂) စိုင်းဖဆိုင်ဝမ်း၊ နဝမတန်းကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

ကွန်ကောက်ကျေးရွာ၊ မိုင်းငေါ့မြို့နယ်ခွဲ၊ ကျောက်မဲမြို့

လက်ရှိနေရပ်လိပ်စာ

နယ်မြေ(၉)၊ ပန်းတိမ်တောင်ရပ်ကွက်၊ သီပေါမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သီပေါမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ရှမ်းစုရပ်တွင် အခြေခံပညာမူလတန်းကို သင်ကြားခဲ့ပါသည်။ တိုက်ကြီးမြို့ တွင် အခြေခံပညာအထက်တန်းကို သင်ကြားခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှ B.Sc (Maths;)ဘွဲ့ကို ရရှိခဲ့ပြီး ၁၉၉၀ မှ ၂၀၀၂ ထိ မူလတန်းပြ၊ ၂၀၀၂ မှ ၂၀၀၄ ထိ အလယ်တန်းပြတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ကျောက်မဲမြို့နယ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတွင် အထွေထွေ အတွင်းရေးမှူးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး၊ ရှမ်းစာပေ အသုံးလုံး သင်တန်းများနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၄)တို့အား တာဝန်ယူဆောင်ရွက်ခဲ့သည်။
လူငယ်ဘဝ ၁၉၈၉ ခုနှစ်ကတည်းက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအဖွဲ့ဝင်ဖြစ်ခဲ့ပြီး ပါတီ၏ စည်းရုံးရေးလုပ်ငန်းများကို ကူညီလုပ်ဆောင် ပေးခဲ့ဖူးပါသည်။ ၁၉၈၇ ခုနှစ်တွင် ဦးစိုင်းဖ၏ ရှမ်းစာပေဆရာဖြစ်သင်တန်းကို တက်ရောက်ခဲ့ဖူးပြီး၊ လုပ်အားပေးရှမ်းဆရာအဖြစ် ကျေးလက်နေပြည်သူများကို အသိပညာများပေးဝေခဲ့ဖူးပါသည်။ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့အခြေခံပညာ အထက်တန်းကျောင်းတွင် မူလတန်းပြ၊ အလယ်တန်းပြကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ဆဲကာလတွင်လည်း ရှမ်းတိုင်းရင်းသားကလေးသူငယ်များ မိမိကိုယ်ပိုင်ရှမ်းစာကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်စေရန် စေတနာဆရာ အဖြစ် အခမဲ့သင်ကြားပေးခဲ့ဖူးသည်သာမက မိမိနေထိုင်သောရပ်ရွာတွင် ရှမ်းလူငယ်များမိမိတို့၏ ကိုယ်ပိုင်ထုံးတမ်းဓလေ့များကိုချစ်မြတ်နိုး၍ ကာကွယ် ထိန်းသိမ်းလိုသော စိတ်ဓာတ်များရရှိလာစေရန် ရှမ်းနှစ်သစ်ကူးပွဲတော်များ ဦးဆောင်ကျင်းပပေးခြင်း၊ သင်တန်းများပို့ချပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ဖူးပါသည်။ ထို့အပြင် ရှမ်းနှစ်သစ်ကူးဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ လေ့လာဖော်ထုတ်ခဲ့ပြီး ရှမ်းပြက္ခဒိန်၊ ရှမ်းနှစ်၊ ရှမ်းလ၊ ရှမ်းနေ့ရက်များ သတ်မှတ်ခေါ်ဆိုခဲ့ပုံများကိုလည်း လေ့လာဖော်ထုတ်ခဲ့ပါသည်။ ယင်းအကြောင်းအရာများနှင့်ဆက်စပ်လျက်ရှိသော ရှမ်းရိုးရာနက္ခတ်တွက်ချက်၍ ရက်၊ လ၊ နှစ် သတ်မှတ်ပုံများကိုလည်း လေ့လာ ဖော်ထုတ်ခဲ့ပါသည်။
ရှမ်းစာပေဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ၂၀၀၄ မှ ၂၀၀၈ ထိ ရှမ်းစာပေ ပညာရှင်ကြီး ဦးစိုင်းဖနှင့် လိုက်ပါလျက် သင်ကြားပို့ချပေးခဲ့ဖူးပြီး ရှေးရှမ်းဆရာကြီးများ ရေးသားပြုစုခဲ့သော စာအုပ်စာတမ်းများ၊ သင်တန်းဆရာများ၊ သင်တန်းသားများ၏ အမြင်များကိုပါ ကိုးကားလျက် ရှမ်းစာပေတွင် အဓိက လိုအပ်သော “အခြေခံရှမ်းသဒ္ဒါ” ကို ရေးသားပြုစုနိုင်ခဲ့ပါသည်။ ထို့အပြင် ရှမ်းပြည်နယ် ကလေးသူငယ်များ ဖတ်ရှုလေ့လာနိုင်ရန် ရှမ်းဘာသာဖြင့်“အခြေခံပထဝီ”၊ “အခြေခံ သိပ္ပံ”၊ “အခြေခံသင်္ချာ” စသည်တို့ကို ရေးသားထုတ်ဝေပေးနိုင်ခဲ့ပါသည်။
ဆက်လက်၍ ရှမ်းစာပေ၊ ရှမ်းယဉ်ကျေးမှု၊ ရှမ်းသမိုင်းများနှင့် ဆက်စပ်သော အကြောင်းအရာများကို အချိန်ရသည်နှင့်အမျှ ဆက်လက်လေ့လာလုပ်ဆောင်လျက် ရှိပါသည်။ အစိုးရကျောင်းများတွင် ရှမ်းတိုင်းရင်းသားစာပေကို သူငယ်တန်းမှ ဒုတိယတန်းအထိ သင်ကြားနိုင်ရေးအတွက် ရှမ်းစာသင်ရိုးညွှန်းတမ်း ရေးဆွဲရေး ကော်မတီဝင် ၁၉ ဦးတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက် ရှမ်းစာပေဖွံ့ဖြိုးတိုးတက်ရေး အတွက် တတ်အားသမျှ ဆက်လက်ပါဝင်လုပ်ဆောင်နေပါသည်။