ဦးခမ်ခန့်ထန်(တွန်းဇံ မဲဆန္ဒနယ်)

အမည်

ဦးခမ်ခန့်ထန်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ချင်း/ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/စကန(နိုင်)၀၄၉၂၆၅

မွေးသက္ကရာဇ်/အသက်

၁၀-၁၂-၁၉၆၄/(၅၁)နှစ်

မွေးဖွားရာဇာတိ

တွီးမွီကျေးရွာ၊ တွန်းဇံမြို့နယ်

ပညာအရည်အချင်း

B.A,B.Ed

လက်ရှိအလုပ်အကိုင်

ကိုယ်ပိုင်အုတ်ခဲလုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဂင့်ခိုးလျန်း၊ ၅/ကလထ(နိုင်)၀၁၉၄၇၅၊ ကျောင်းအုပ်ဆရာ(ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကျိန်းခိုးညောင်၊၅/ကလထ(နိုင်)၀၁၉၄၇၇၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ညောင်ဟောက်ကျိန်း၊ ၄/တဇန(နိုင်) ၀၀၁၁၀၇၊ ကျောင်းဆရာမ(လယ်/ပြ)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁)မောင်လျန်ဇခွါလ်၊ ၅/စကန(နိုင်)၂၁၉၄၇၀၊ ဆေးတက္ကသိုလ်(နောက်ဆုံးနှစ်)

(၂)မောင်ထန်ကပ်ကျင့်၊၅/စကန(နိုင်)၂၃၆၈၂၆၊ အင်္ဂလိပ်စာ(ဒုတိယနှစ်)၊စစ်ကိုင်းတက္ကသိုလ်

အမြဲတမ်းနေရပ်လိပ်စာ

သဇင်(၅/၉၆)၊ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဥက္ကဋ္ဌတာဝန်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊တွန်းဇံမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို ၁၉၆၉ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ အ.လ.က တီးမွီနှင့် အ.ထ.က တွန်းဇံတို့တွင် သင်ယူခဲ့သည်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ စစ်ကိုင်းဖွံ့ဖြိုးရေးသိပ္ပံတွင် လည်းကောင်း၊ ၁၉၈၆ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ မန္တလေးမြို့ အဝေးသင် တက္ကသိုလ် တွင်လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် စစ်ကိုင်းမြို့ ပညာရေး တက္ကသိုလ် တွင် လည်းကောင်း တက်ရောက်ခဲ့ပြီး B.A,B.Ed ဘွဲ့များ ရရှိခဲ့ သည်။ ၁၉၈၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ဆောင်းဇန် အ.မ.က တွင် မူလတန်းပြ အဖြစ်လည်းကောင်း၊ ၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ တွန်းဇံ အ.ထ.ကတွင် မူလတန်းပြအဖြစ် လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ဖွံ့ဖြိုးရေးသိပ္ပံ တွင် နည်းပြအဖြစ် လည်းကောင်း၊ ၁၉၉၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ဖွံ့ဖြိုးရေး တက္ကသိုလ် တွင် သင်တန်းကြီးကြပ်ရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် လက်ထောက် ကထိက အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ ငြိမ်ဝပ်ပိပြားရေး နှင့် တရားဥပဒေ စိုးမိုးရေးတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်များ ရရှိခဲ့ သည်။