|
အမည် |
ဝဏ္ဏကျော်ထင် ဦးဌေးမြင့် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/လမတ(နိုင်)၀၀၉၉၆၀ |
|
မွေးသက္ကရာဇ်/အသက် |
၆-၂-၁၉၅၅/(၅၅)နှစ် |
|
မွေးဖွားရာဇာတိ |
မြိတ်မြို့ |
|
ပညာအရည်အချင်း |
A.G.T.I (E.P) |
|
လက်ရှိအလုပ်အကိုင် |
ဥက္ကဋ္ဌ၊ ယုဇနကုမ္ပဏီများအုပ်စု |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးစွမ် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဘုတ် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးအေးမော်၊ ၁၂/လမတ(နိုင်) ၀၁၂၇၅၅၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မအိအိဌေးမြင့်၊ ၁၂/လမတ(နိုင်)၀၀၂၂၁၅၊ ဒါရိုက်တာ၊ ယုဇနကုမ္ပဏီလီမိတက်၊ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၃၃)၊ အေးရိပ်မွန်လမ်း၊ ရတနာမွန်အိမ်ရာ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြိတ်မြို့နယ်(ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
-ငယ်စဥ်က ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်အထိ အ.မ.က ရေပုန်းရပ် မြိတ်မြို့တွင် သူငယ်တန်းမှ ပထမ တန်းအထိလည်းကောင်း ၊ ၁၉၆၂ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ အ.မ.က နောက်လယ်ရပ် မြိတ်မြို့၌ ဒုတိယတန်းမှ စတုတ္ထတန်းအထိလည်းကောင်း၊ ၁၉၆၅ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ အ.ထ.က(၁)မြစ်ငယ် မြိတ်မြို့တွင် ပဥ္စမတန်းမှ နဝမတန်းအထိလည်းကောင်း အခြေခံပညာကို သင်ယူခဲ့ပါသည်။ ထို့နောက် ၁၉၇၁ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ စက်မှု အ.ထ.က(၁) နတ်မောက် ၊ ရန်ကုန်မြို့၌ ပထမနှစ်နှင့် ဒုတိယနှစ်ကိုလည်းကောင်း၊ ၁၉၇၄ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ စက်မှုသိပ္ပံကျောင်း ရန်ကုန်မြို့တွင် ပထမနှစ်မှ တတိယနှစ်အထိလည်းကောင်း တက်ရောက်သင်ကြား ခဲ့ပြီး A.G.T.I (E.P)ဘွဲ့ကို ရရှိခဲ့သည်။ ယုဇနကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြိတ်အသင်း ရန်ကုန်၏ ဥက္ကဋ္ဌအဖြစ်လည်း ကောင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တွင်လည်းကောင်း Southern Myanmar Football Club ၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြန်မာ နိုင်ငံဟိုတယ်လုပ်ငန်းရှင်များ အသင်း ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ၊ မြန်မာနိုင်ငံ နယ်စပ်နှင့်တောင်တန်းဒေသ ထေရဝါဒဗုဒ္ဓဘာသာ သာသနာနုဂ္ဂဟအသင်းကြီးတို့တွင် ပါဝင်ဆောင်ရွက်လျက် ရှိပြီး ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ အကြံပေးလည်း ဖြစ်သည်။ နိုင်ငံအဆင့် အသင်းအဖွဲ့၏ဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဆင့်အဖြစ်လည်း ဆောင်ရွက်လျက် ရှိသည်။ ၁၉၈၈ ခုနှစ်တွင် လူမှုထူးချွန်(ပထမအဆင့်)နှင့် သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကိုလည်းကောင်း၊ ၂၀၀၂ ခုနှစ်တွင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့ကိုလည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခံခဲ့သည်။ နိုင်ငံစားသုံးဆီဖူလုံရေးနှင့် သွင်းကုန်အစားထိုးရေးဖြစ်သည့် တနင်္သာရီတိုင်း ဆီအုန်းစိုက်ပျိုးရေး၊ စားသုံးဆီထုတ်လုပ်ရေးတွင် ထူးခြားစွာပါဝင်နိုင်ပြီး ပြည်သူလိုအပ်ချက် များကို နိုင်ငံတော်နှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံခြားဝင်ငွေတိုးတက်ရရှိစေရန်နှင့် လောင်စာစွမ်းအင် အစားထိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး ကချင်ပြည်နယ်တွင် ကြံ ၊ ပီလောပီနံစိုက်ခင်းနှင့် စက်ရုံများ စွန့်ဦးတီထွင်လုပ်ဆောင်လျက် ရှိသည်။လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာစေရန် တနင်္သာတိုင်း တွင် လမ်းမိုင်ပေါင်း(၁၆၉)မိုင် ၊ မန္တလေး တိုင်းတွင် လမ်းမိုင်ပေါင်း(၅၀)မိုင် ၊ ကချင်ပြည်နယ်တွင် လမ်းမိုင်ပေါင်း (၃၀၀)မိုင်ကို BOT စနစ်ဖြင့် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံစီးပွားရေးအထောက်အကူဖြစ်စေရန် အိမ်ယာစီမံကိန်း ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ဟိုတယ်လုပ် ငန်း၊ ကုန်တိုက်ကြီးများ၊ ငါးစျေးကွက် ၊ အအေးခန်း ၊ ရေခဲစက် ၊ ငါးဖမ်းလုပ်ငန်းများတွင် ထူးခြားစွာပါဝင်ပြီး ကနဦးဆောင်ရွက်သူ ၊ ထူးချွန်အောင်ဆောင်ရွက်သူ အဖြစ် ဆောင်ရွက်နိုင်ခဲ့၍ နိုင်ငံတော်အဆင့် ဆုတံဆိပ်များ ၊ နိုင်ငံတကာဆုတံဆိပ်များ ပေးအပ် ချီးမြှင့်ခြင်းခံခဲ့ရသည်။ သဘာဝဘေးအန္တရာယ်ကျရောက်သောနေရာများသို့ သွားရောက်၍ အမြဲကူညီဆောင်ရွက်ပေးခဲ့သည်။ နာဂစ်မုန်တိုင်းသင့်သည့် ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်းတွင် နိုင်ငံတော်နှင့်အတူ အသင်းအဖွဲ့နှင့်လည်းကောင်း ၊ ကိုယ်တိုင်ကိုယ်ကျလည်းကောင်း ၊ မိသားစုနှင့်လည်းကောင်း လှူဒါန်းပါဝင်မှုများ ဆောင်ရွက်ပေးခဲ့ပြီး Cyclone Shelters တည်ဆောက်ခြင်းလုပ်ငန်းတွင်လည်း ပထမဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ |
