ဗိုလ်မှူးတင်လင်း(တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

 

အမည်

ဗိုလ်မှူး တင်လင်း

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၂၉၇၉၁

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မနတ(နိုင်)၀၀၀၉၇၀

မွေးသက္ကရာဇ်/အသက်

၂၃-၁-၁၉၇၃/(၄၃)နှစ်

မွေးဖွားရာဇာတိ

ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့

ပညာအရည်အချင်း

သိပ္ပံဘွဲ့(သတ္တဗေဒ)

လက်ရှိအလုပ်အကိုင်

စစ်မှုထမ်း၊ တတက(၇)၊ ပြည်တောင်၊ မြစ်ကြီးနားမြို့

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိုးရှင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်လှကြိုင်၊ ၉/မနတ(နိုင်)၀၅၃၁၈၃၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြတ်သက်ပိုင်၊ ၉/မနတ(နိုင်)၀၀၆၀၉၉၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မတင်ဇာပိုင်(ခ)မတင်ဇာလွင်၊ ကျောင်းသူ
(၂) မဖြိုးဇာပိုင်(ခ)မပြည့်မှူးခင်၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၃၃၆)၊ အကွက်(၂၆၁)၊ သမီးတော်ဈေးရပ်၊ ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်

 
 

အခြေခံပညာကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အ.မ.က (၁၃) နှင့် အ.ထ.က (၁၉)တို့တွင်ပညာသင်ယူခဲ့သည်။မန္တလေးတက္ကသိုလ် မှ သတ္တဗေဒ (အထူးပြု)ဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။ ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၉၉)သို့ တက်ရောက်ခဲ့ပြီး ပြန်တမ်းဝင် အရာရှိ (ဒုတိယဗိုလ်)အဖြစ် ခန့်အပ်ခြင်းခံရသည်။ မိုင်းယောင်းမြို့ ခမရ(၃၃၅)တွင် ဒုတိယဗိုလ်မှ ဗိုလ်ကြီးအထိ၊ ကျိုင်းတုံမြို့ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် ဦးစီးအရာရှိ (တတိယတန်း) စစ်ရေးအဖြစ် ခလရ(၉၅)တွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်ခွဲမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ တတက (၇)၊ ပြည်တောင်၊ မြစ်ကြီးနားမြို့ တွင် ယနေ့အထိ တာဝန်ထမ်းဆောင်လျက်ရှိသည်။ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲတံဆိပ်၊ နိုင်ငံတော် အေးချမ်း သာယာရေးတံဆိပ်၊ စစ်မှုထမ်းတံဆိပ်၊ ခြေလျင် တပ်စုမှူး/ တပ်ခွဲမှူးသင်တန်းတံဆိပ် များ ရရှိခဲ့သည်။

ပထမအကြိမ်ပြည်သူ့လွှတ်တော်သက်တမ်းတွင်တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။