|
အမည် |
ဒေါက်တာကျော်ကျော်ဌေး |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၆/ထဝန(နိုင်) ၀၁၁၅၆၁ |
|
မွေးသက္ကရာဇ်/အသက် |
၁၆-၄-၁၉၅၄/ (၅၆) နှစ် |
|
မွေးဖွားရာဇာတိ |
ထားဝယ်မြို့၊ |
|
ပညာအရည်အချင်း |
Ph.D (Zoology) |
|
လက်ရှိအလုပ်အကိုင် |
တာဝန်ခံပါမောက္ခချုပ် (ငြိမ်း) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဘရန်၊ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်စောရီ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မေမေသက်၊ ၆/ထဝန(နိုင်) ၀၁၁၅၆၂၊ ကထိက ၊သင်္ချာဌာန၊ထားဝယ်တက္ကသိုလ်၊ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ကိုပြည့်ဖြိုးဟိန်း၊ ၆/ထဝန(နိုင်) ၀၈၄၆၂၅၊ ကုန်သည် (၂) မောင်သီဟဟိန်၊ ၆/ထဝန(နိုင်) ၁၀၂၉၀၊ ကျောင်းသား၊ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၄၂)၊ အာဇာနည်လမ်း၊ ကညုံရပ်၊ ထားဝယ်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လောင်းလုံ မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က ၁၉၅၈ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ အ-ထ-က (၃) ထားဝယ်နှင့် ၁၉၆၈ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ အ-ထ-က (၁) ထားဝယ်တို့၌ ပညာသင်ကြားခဲ့သည်။ ၁၉၇၁ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ မော်လမြိုင်တက္ကသိုလ်နှင့် ၁၉၇၆ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တို့၌ ပညာများ ဆက်လက်ဆည်းပူးခဲ့သည်။ ၁၉၇၇ ခုနှစ် မေလ (၂၃) ရက်နေ့မှ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ (၃၁)ရက်နေ့အထိ ထားဝယ်တက္ကသိုလ်၌ ပညာရေးဝန်ထမ်းအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ (၃၁) ရက်နေ့တွင် တာဝန်ခံ ပါမောက္ခချုပ် အဖြစ်မှ အငြိမ်းစားယူသည်။ လူမှုရေး လုပ်ငန်းများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စိတ်ပါဝင်စားစွာဆောင်ရွက်ခဲ့သည်။၂၀၀၅ ခုနှစ်တွင် စီမံထူးချွန် (ဒုတိယအဆင့်) ချီးမြှင့်ခံခဲ့ရသည်။ |
