ဦးကင်းစိန်( သရက်ချောင်းမဲဆန္ဒနယ်)

အမည်

ဦးကင်းစိန်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၆/ထဝန(နိုင်)၀၀၇၀၄၂

မွေးသက္ကရာဇ်/အသက်

၉-၉-၁၉၄၉/(၆၁) နှစ်

မွေးဖွားရာဇာတိ

ပဲဒပ်ကျေးရွာ၊ သရက်ချောင်းမြို့နယ်

ပညာအရည်အချင်း

(၁၀) တန်းအောင်

လက်ရှိအလုပ်အကိုင်

ကုန်သည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလူဘိန် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဟုန်တင်၊ ၆/သရခ(နိုင်)၀၂၄၄၆၇၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ရီရီစန်း၊ ၆/ထဝန(နိုင်) ၀၀၆၈၆၂၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမေသဇင်မွန်၊ ၆/ထဝန(နိုင်) ၀၈၄၅၅၂၊ မှီခို၊
(၂) မဖြူဖြူမွန်၊ ၆/ထဝန(နိုင်) ၀၈၄၅၅၃၊ မှီခို၊
(၃) မရည်ရည်မွန်၊၆/ထဝန(နိုင်) ၀၉၄၅၈၇၊
မှီခို၊
(၄) မအေးအေးမွန်၊ ၆/ထဝန(နိုင်) ၁၀၆၇၄၁၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၇၇)၊ အလယ်လမ်း၊ ကညုံရပ်၊ ထားဝယ်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သရက်ချောင်းမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

-မူလတန်းပညာကို ပဲဒက်ဘုန်းတော်ကြီးကျောင်း၊ ဝဲရစ်ရွာအစိုးရမူလတန်း ကျောင်းတို့၌ သင်ကြား ခဲ့သည်။ စတုတ္ထတန်းကို ဝဲရစ် အ-မ-ကတွင်လည်းကောင်း၊ ပဥ္စမတန်းမှ အဋ္ဌမတန်းအထိ ကမြိုင်အခြေခံပညာ အလယ်တန်းကျောင်းတွင်လည်းကောင်း ပညာ သင်ကြားခဲ့ပြီး ၁၉၇၃-၇၄ ခုနှစ်တွင် အ-ထ-က (၁)ညကျောင်းမှ ဒသမတန်း အောင်မြင်ခဲ့သည်။ ငါးဖမ်းစက်လှေလုပ်ငန်း၊ ဆီအုန်းစိုက်ပျိုးခြင်းလုပ်ငန်းနှင့် ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။ မြို့နယ်အတွင်း လူမှုရေး လုပ်ငန်းအဝဝကို ဝိုင်းဝန်လုပ်ကိုင်ဆောင်ရွက် လျက် ရှိသည်။ ၂၀၀၄ ခုနှစ်တွင် ဘာသာရေးဆိုင်ရာ သီဟသုဓမ္မမဏိဇောတဓရဘွဲ့ ချီးမြှင့်ခြင်းခံရသည်။