ဦးတင်မောင်ဝင်း(ဆိပ်ကမ်း မဲဆန္ဒနယ်)

အမည်

ဦးတင်မောင်ဝင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ကတန(နိုင်)၀၁၃၇၈၉

မွေးသက္ကရာဇ်/အသက်

၂-၈-၁၉၄၇/(၆၈)နှစ်

မွေးဖွားရာဇာတိ

ရှိမ္မကားရွာ၊ ဝက်လက်မြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီး

ပညာအရည်အချင်း

B.Sc (Mech), D.M.A, Dip. Ind. Ext. (Netherlands)

လက်ရှိအလုပ်အကိုင်

အငြိမ်းစားကထိက

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးထွန်းဆန်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ညွန့်(ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ရီရီခိုင်၊ ၁၂/ ကတန(နိုင်)၀၁၃၄၁၄၊ မရီ ဆန်ရောင်းဝယ်ရေး

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါက်တာဝင်းယံအောင်၊ ၁၂/ကတန(နိုင်) ၀၈၀၃၇၆၊ ဆရာဝန်

(၂) မပြုံးမြတ်မွန်၊ ၁၂/ကတန(နိုင်)၀၉၆၂၅၀၊ ဗိသုကာ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၅၅)၊ အရှေ့ပိုင်းကမ်းနားလမ်း၊ ကျောက်တန်းမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်/ ပါတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဆိပ်ကမ်းမြို့နယ်(ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အစိုးရအထက်တန်းကျောင်း(ဝက်လက်မြို့)၊ အလွတ်ပညာသင် ကျောင်း (မန္တလေးမြို့)တို့တွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန်စက်မှုတက္ကသိုလ် (ရန်ကုန်)မှ B.Sc(Mech) ဘွဲ့ရရှိခဲ့ပြီး RVB(Netherlands)သို့လည်း ပညာသင်ကြားခွင့်ရရှိခဲ့သည်။
၁၉၇၃ မှ ၁၉၇၉ ထိ အမှတ်(၁)စက်မှုဝန်ကြီးဌာနတွင် စီမံကိန်း အင်ဂျင်နီယာ၊ ADB-အာရှဖွံ့ဖြိုးရေးဘဏ်စီမံကိန်း မြန်မာ့ စီးပွားရေးဘဏ်တွင် ဒုတိယမန်နေဂျာ၊ စက်မှုလက်မှုသိပ္ပံ (သန်လျင်) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင် ကထိက၊ ကမ္ဘာ့ ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအစီအစဉ် (UNDP)တွင် UNV- Specialist၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ တာဝန်များ အသီးသီး ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် စွယ်တော်ရိပ်ဖောင်ဒေးရှင်း နာယကအဖြစ်လည်း ဆောင်ရွက်ခဲ့ သည်။ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းသာယာရေးတံဆိပ်၊ Fellow Member (မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း)၊ Honorary Fellow (အာဆီယံနိုင်ငံများ အင်ဂျင်နီယာအသင်းချုပ်)၊ Fellow Member, ASEAN Academy of Engineering & Techology (AAET)စသည်တို့ ချီးမြှင့်ခံခဲ့ရသည်။