ဦးကျော်မြင့်(တိုက်ကြီး မဲဆန္ဒနယ်)

အမည်

ဦးကျော်မြင့်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/ဇလန(နိုင်)၀၃၈၂၄၄

မွေးသက္ကရာဇ်/အသက်

၃၀-၈-၁၉၄၃/(၇၃)နှစ်

မွေးဖွားရာဇာတိ

ရေပေါ်သောင်ကျေးရွာ၊ တိုက်ကြီးမြို့နယ်

ပညာအရည်အချင်း

Dip, Agri ဒီပလိုမာ(စိုက်ပျိုးရေး)

လက်ရှိအလုပ်အကိုင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(မြန်အောင်)၊

စိုက်ပျိုးရေးလုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

သခင်အုံးဆိုင် (ကွယ်လွန်)၊ နိုင်ငံသား ZLN (မမှတ်မိ)၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဗမာ/ဗုဒ္ဓ

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ရွှေ(ကွယ်လွန်)၊ ဗမာ/ဗုဒ္ဓ၊ ၁၄/ဇလန(နိုင်)၀၈၀၈၂၇၊ စိုက်ပျိုးရေးလုပ်ငန်း

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နှင်းနွယ်၊ ၁၄/ဇလန(နိုင်)၀၄၁၈၈၇၊စိုက်ပျိုးရေးလုပ်ငန်းနှင့် အရောင်းအဝယ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) သမီးကြီး-မမီမီသင်၊ ၁၄/ဇလန(နိုင်)၀၈၀၇၈၄၊ အရောင်းအဝယ်

(၂) သမီးငယ်-မစုစုလတ်၊၁၄/ဇလန(နိုင်)၀၈၉၇၉၄၊ (မဟာဝိဇ္ဇာ) M.A(SEAP Studies)၊ အမေ့အိမ်ကျောင်း (ဆရာမ)၊ MD ရတနာဧရာကုမ္ပဏီ

(၃) သားငယ်-ကိုဇာနည်ကျော်(Mechine Copier)၊ ၁၂/တကန(နိုင်)၁၅၆၆၈၃၊ အရောင်းအဝယ်

အမြဲတမ်းနေရပ်လိပ်စာ

ခိုင်မာလာလမ်း၊ (၃)ရပ်ကွက်၊ အဖျောက်မြို့၊ တိုက်ကြီးမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ဒုတိယ ဥက္ကဋ္ဌ(ဗဟိုတောင်သူလယ်သမားလုပ်ငန်း ကော်မတီ)

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုက်ကြီးမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ရေပေါ်သောင်ကျေးရွာ၊ မူလတန်းကျောင်းတွင် အခြေခံပညာ သင်ယူခဲ့ပြီး အ.ထ.က(အဖျောက်မြို့)မှ ၁၉၆၀ ခုနှစ်တွင် (၁၀)တန်း တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)မှ စိုက်ပျိုးရေး သိပ္ပံ ဒီပလိုမာ ရရှိခဲ့သည်။ စိုက်ပျိုးရေးဌာနတွင် လုပ်ကိုင်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းဖြင့် ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်ရန် အလုပ် ထွက်ခဲ့သည်။ အာဏာရှင်တစ်ပါတီစနစ်အောက်တွင် ဝန်ထမ်း အဖြစ် မလုပ်နိုင်၍ ထွက်ခဲ့ခြင်းလည်းဖြစ်ပါသည်။ ဒီမိုကရေ စီနှင့် လူ့အခွင့်အရေးများအတွက် နိုင်ငံရေးလုပ်ဆောင်ခဲ့ သည်။ လူမှုရေးနှင့် ဘာသာရေး၊ သာသနာရေးအသင်းများတွင် ပါဝင် ဆောင်ရွက်ခဲ့ပြီး အားကစားနှင့် ပညာရေး၊ လူမှုကယ်ဆယ်ရေး (ရေဘေး)တို့တွင် ပါဝင်ဆောင်ရွက် ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး နိုင်ငံရေးအရ အဖမ်းခံ ရခြင်း၊ တားဆီးခံရခြင်း၊ ထောင်ကျခံခဲ့ရသည်။ နိုင်ငံရေးယုံ ကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံရခြင်းသာဖြစ်ပါသည်။ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နဝတ၊ နအဖ ခေတ်၊ ဦးသိန်းစိန် အစိုးရလက်ထက်အထိ နိုင်ငံတော်က ပေး အပ်သည့် မည်သည့်ဘွဲ့မှ မရရှိခဲ့ပါ။ လွတ်လပ်ရေး မော်ကွန်း ဝင် သခင်အုံးဆိုင်၏သား ပီသစွာ စစ်မှန်သည့် ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် နိုင်ငံရေးတွင် ပါဝင်ဆောင် ရွက်ခဲ့ခြင်း ဖြစ်ပါသည်။