ဒေါ်တင်တင်ရီ (ကျွန်းစုမဲဆန္ဒနယ်)

အမည်

ဒေါ်တင်တင်ရီ

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၆/မအရ(နိုင်)၀၇၉၅၂၃

မွေးသက္ကရာဇ်/အသက်

၂၃-၁၁-၁၉၄၆/(၆၉) နှစ်

မွေးဖွားရာဇာတိ

ဈေးတန်းရပ်ကွက်၊ မြိတ်မြို့

ပညာအရည်အချင်း

ဥပဒေဘွဲ့ L.L.B

လက်ရှိအလုပ်အကိုင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှဖေ၊ BI-018772 အငြိမ်းစား (စခန်းမှူး)(ပ.ရ)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နု၊ EMGI-041821< မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဂျွန်ခင်မောင်၊၆/မအရ(နိုင်)၀၇၉၃၃၅၊ ကြီးကြပ်ရေးမှူး (ငြိမ်း)၊ မြို့နယ်ကုန်သွယ်ရေး၊ မြိတ်မြို့

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမာလာခင်၊ ၆/မအရ(နိုင်)၀၇၉၃၂၅၊ မှီခို
(၂) မသူဇာခင်၊ ၆/မအရ(နိုင်)၀၈.၂၉၃၊ အထက်တန်းပြ
(၃) မောင်ဝင်းဇော်ခင်၊ ၆/မအရ(နိုင်)၀၇၉၃၂၆၊ (NGO) ငှက်ဖျား
(၄) မောင်သန့်ဇော်ခင်၊ ၆/မအရ(နိုင်)၀၀၂၁၈၅၊ ဆေးကုမ္ပဏီ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၄)၊ ဗိုလ်ဗထူးလမ်းသွယ် (၇)၊ ခယူတောရပ်ကွက်၊ မြိတ်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျွန်းစုမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

-ငယ်စဥ်က အခြေခံပညာကို သန်းဖိုရပ်၊ အ.မ.က မြိတ်မြို့၊ အ.မ.က ဘုတ်ပြင်းမြို့၊ အ.မ.က ပုလောမြို့၊ အ.ထ.က (၂) မြိတ်မြို့နှင့် အ.ထ.က (၁) မြိတ်မြို့တို့တွင် သင်ကြားခဲ့ပြီး ဥပဒေရေးရာဌာန၊ တက္ကသိုလ် စာပေးစာယူသင်တန်း၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်မြို့တွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ မြိတ်မြို့၊ တနင်္သာရီမြို့တို့တွင် မြို့နယ်ကုန်သွယ်ရေး၊ အထက်တန်းစာရေး အဖြစ် လည်းကောင်း၊ မြိတ်မြို့၊ ကျွန်းစုမြို့၊ ကော့သောင်းမြို့တို့တွင် ဥပဒေအကျိုးဆောင် ရှေ့နေအဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည်။ မြို့နယ်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ (အရေးအခင်းကာလ) ဥပဒေရေးရာမှူး အဖြစ်လည်းကောင်း၊ NLD မြို့နယ် ဦးဆောင်ကော်မတီဝင်၊ အမျိုးသမီး အဖွဲ့ခေါင်းဆောင်၊ လူထုလူတန်းစား တာဝန်ခံ၊ တနင်္သာရီတိုင်း ဥပဒေရေးရာမှူး၊ တိုင်းစည်းရုံးရေးအဖွဲ့ဝင်၊ မြို့နယ် ဒုတိယဥက္ကဋ္ဌ(၁)၊ တနင်္သာရီတိုင်း ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်၊ တနင်္သာရီတိုင်း တောင်သူလယ်သမား ရေးရာကော်မတီ၊ ဒုတိယဥက္ကဋ္ဌ စသည်တို့ ဆောင်ရွက်ခဲ့ပြီး တက္ကသိုလ် စာပေးစာယူဌာန၊ မြိတ်မြို့တွင် စေတနာ့ဝန်ထမ်းဆရာ အဖြစ် (၂)နှစ် ဆောင်ရွက်ခဲ့သည်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ- ၅(ည)အရ ပြစ်ဒဏ်(၇)နှစ်နှင့် အထူးခုံရုံး၏ မတရားအသင်း အက်ဥပဒေ ပုဒ်မ-၁၇/၁အရ (၂) မှု၊ (၃) နှစ် + (၃) နှစ် စုစုပေါင်း (၁၃)နှစ် ကျခံ ခဲ့ဖူးသည်။