ဦးမြင့်ကြည်(ကသာ မဲဆန္ဒနယ်)

အမည်

ဦးမြင့်ကြည်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ကသန(နိုင်)၀၀၄၁၇၉

မွေးသက္ကရာဇ်/အသက်

၉-၁၁-၁၉၅၀/(၆၆)နှစ်

မွေးဖွားရာဇာတိ

ကသာ

ပညာအရည်အချင်း

B.Sc (Zoology)

လက်ရှိအလုပ်အကိုင်

အရောင်းအဝယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတင်အောင်၊ KTA- ၀၂၁၁၇၈၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ချစ်၊ CS- ၀၀၂၁၅၇၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်သက်လွင်၊ ၁၃/မဘန(နိုင်)၀၁၀၁၈၄၊ အရောင်းအဝယ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မစည်သူစုသန့်၊ ၅/ကသန(နိုင်) ၀၉၇၀၈၉၊မှီခို

(၂) မောင်မင်းသန့်၊ ၅/ကသန(နိုင်)၀၉၆၉၉၉၊မှီခို

(၃) မကြည်ကြည်ချစ်ခင်၊ (၁၀)တန်း

(၄) မစိုပြည်ဝင်း၊ မူကြို

(၅) မလေပြည်အေး

အမြဲတမ်းနေရပ်လိပ်စာ

နိဗ္ဗာန်လမ်း၊ ရပ်ကွက်(၆)၊ ကသာမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်ဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကသာမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

   ငယ်စဉ်က ဦးဘိုနီကျောင်း၊ အ-ထ-က(၁)ကသာ ၊ ဆေးတက္ကသိုလ်(၁) တိ/ကု သင်တန်း၊ မန္တလေးဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ မန္တလေးမြို့တို့တွင် ပညာသင်ကြားခဲ့ပါသည်။

  ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထီဝယ်ရောင်းစသဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ အထက်တန်းကျောင်းသားဘဝတွင် သွေးလှူခြင်းအစရှိသည့် အလျဉ်းသင့်ရာ လူမှုကူညီရေးလုပ်ငန်းများ၊ တက္ကသိုလ်ကျောင်းသားဘဝတွင်လည်း ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်ကျေးရွာများတွင် “အ”သုံးလုံးလုပ်အားပေးနှင့် အခြားလူမှုရေးလုပ်ငန်းများ၊ NLD ပါတီ၏ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

   ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထိန်းသိမ်းခံရပါသည်။ ပုဒ်မ ၁၂၂(၁)ဖြင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျပြီး ၁၉၉၂ ခုနှစ်၊ ဇွန်လတွင် လွတ်ငြိမ်းချမ်းသာဖြင့် အပြီးပြန်လည် လွတ်မြောက်လာခဲ့ပါသည်။ ၂၀၀၇ ခုနှစ်တွင် ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ်(၂)နှစ် ကျခံခဲ့ရပါသည်။ အခြားထိန်းသိမ်းမှုများမှာ ပြစ်ဒဏ်စီရင်ခြင်း မခံခဲရပါ။