ဦးစံလင်း ( တောင်ကြီး မဲဆန္ဒနယ်)

အမည်

ဦးစံလင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

အင်း/ရှမ်း/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/တကန(နိုင်)ဝ၄၇၀၇၀

မွေးသက္ကရာဇ်/အသက်

၁၇.၄.၁၉၅၆ / (၅၄)နှစ်

မွေးဖွားရာဇာတိ

တောင်ကြီးမြို့

ပညာအရည်အချင်း

B.Sc (Chemistry)

လက်ရှိအလုပ်အကိုင်

သိပ္ပံ- ပုံနှိပ်လုပ်ငန်း (ရန်ကုန်/ တောင်ကြီး)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးထွန်းအောင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

သုဓမ္မသိင်္ဂီ၊ သီဟသုဓမ္မသိင်္ဂီ ဒေါ်အုပ်

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းခင်နှင်းငွေ (ကွယ်လွန်)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါက်တာနန်းခိုင်ဇာလင်း၊၁၃/တကန(နိုင်)၁၃၈၁၆၇၊ဆရာဝန်

(၂) စိုင်းကိုကိုထင်လင်း၊ ၁၃/တကန(နိုင်)၁၄၉၅၀၇၊သိပ္ပံဗွီနိုင်းပိုစတာလုပ်ငန်း

(၃) စိုင်းလင်းမြတ်သူ၊ ၁၃/တကန(နိုင်)၂၀၅၁၅၅၊ ကျောင်းသား

(၄) စိုင်းထက်နောင်လင်း၊ ၁၃/တကန(နိုင်)၂၁၄၉၀၄၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၀၀)၊ သီတာလမ်း၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ တောင်ကြီးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တောင်ကြီးမြို့နယ်(ပထမအကြိမ် )

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို စိန်အင်းကွန်ဗင့်ဟိုက်စကူး၊ အ.ထ.က(၃)တောင်ကြီးနှင့် အ.ထ.က(၁)တောင်ကြီး တို့တွင် သင်ကြားခဲ့သည်။ တောင်ကြီးကောလိပ်နှင့် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တို့တွင် ပညာဆက်လက် ဆည်းပူးခဲ့ပြီး B.Sc (Chemistry) ဘွဲ့ရရှိခဲ့သည်။

၁၉၈၉ ခုနှစ်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဝင်(၁)အဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် တောင်ကြီးမြို့ ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲ၌ အင်းလေးဒေသကိုယ်စား စက်မှုလုပ်ငန်းရှင်ကိုယ်စားလှယ် အဆိုတင်သွင်းသူအဖြစ်လည်းကောင်း၊ ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်တောင်ကြီးခရိုင်ကော်မရှင်အဖွဲ့ဝင်အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။

၁၉၉၉ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တို့တွင် အ.ထ.က(၁)တောင်ကြီး ကျောင်းသား/ကျောင်းသူဟောင်းများ အာစရိယပူဇော်ပွဲကျင်းပရေး ကော်မတီဝင်အဖြစ်လည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ ယနေ့အထိ အ.ထ.က(၄) တောင်ကြီးကျောင်းအကျိုးတော်ဆောင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ် အထိ ရှမ်းပြည်နယ် အား/ကာကော်မတီ၊ ဂျူဒိုအသင်းနာယကနှင့် အ.ထ.က(၄)တောင်ကြီး မိဘဆရာအသင်း နာယကအဖြစ်လည်းကောင်း၊ ၂၀၀၅ ခုနှစ်မှ ယနေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၀၈ ခုနှစ်(၁၉၇၅ ခုနှစ်မှ ၁၉၈၂ ခုနှစ်အတွင်း) တောင်ကြီးကောလိပ်၊ တောင်ကြီးဒေသကောလိပ် ကျောင်းသူ/ကျောင်းသားများ အာစရိယပူဇော်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၀၉ ခုနှစ်မှ ယနေ့အထိ ရှမ်းပြည်နယ် မီးဘေးကြိုတင်ကာကွယ် တာဆီးရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အ.ထ.က(၁)တောင်ကြီး ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် အ.ထ.က (၁)တောင်ကြီး ကျောင်းသူ/ကျောင်းသားဟောင်း များ အာစရိယပူဇော်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။