ဦးတင်နိုင်သိန်း (ကလောမဲဆန္ဒနယ်)

အမည်


ဦးတင်နိုင်သိန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ဒဂန(နိုင်) ၀၁၁၈၃၈

မွေးသက္ကရာဇ်/အသက်

၉-၆-၁၉၅၄/(၅၆)နှစ်

မွေးဖွားရာဇာတိ

မန္တလေးမြို့

ပညာအရည်အချင်း

မဟာဝိဇ္ဇာ (ကာကွယ်ရေး)

လက်ရှိအလုပ်အကိုင်

ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသိန်းအောင် ၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန်းစန်းမြင့် ၊AE -၀၉၂၀၉၃ ၊မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးအေး၊ ၅/စကန(နိုင်) ၀၃၃၄၈၁ ၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ကျော်ဇေယျ၊ ၃/ကကရ(နိုင်) ၀၇၂၈၄၂ ၊အင်ဂျင်နီယာ

(၂)မောင်သန့်စင်နိုင် ၊ ၃/ကကရ(နိုင်) ၀၇၂၈၄၉ ၊ အင်ဂျင်နီယာ

(၃)မောင်အေးဇော်နိုင် ၊ ၁၃/ဆဆန(နိုင်) ၀၄၂၂၄၉ ၊ မဟာအင်ဂျင်နီယာတက်ဆဲ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၀၉၂) ၊ရာဇသင်္ဂဟအိမ်ရာ ၊ အမှတ်(၁) ၊ ဇမ္ဗူဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ် ၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကလောမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

မန္တလေးမြို့နယ် စိန်ဒေးဗီးယားနှင့် ရတနာပုံကျောင်းတို့တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၆၂ခုနှစ် မှ ၁၉၇၁ ခုနှစ် အထိ အစိုးရ ဝန်ထမ်းဖြစ်သည့် ဖခင်ပြောင်းရွေ့ရာ မကွေးမြို့ ၊ စစ်ကိုင်းမြို့ နှင့် ရန်ကုန်မြို့တို့တွင် လိုက်ပါ ပြောင်းရွေ့ ပညာသင်ကြားခဲ့ပြီး ၁၉၇၁-၇၂ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် ပထမနှစ်မှ စစ်သက္ကသိုလ် ပထမ နှစ်သို့ ပြောင်းရွေ့ ပညာသင်ကြားခဲ့သည်။ မဟာဝိဇ္ဇာ (ကာကွယ်ရေး) ဘွဲ့ကိုရရှိခဲ့သည်။

၁၉၈၉ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ် ခလရ (၂၂၁) တွင်တပ်ခွဲမှူး(ဗိုလ်မှူး) အဖြစ်လည်းကောင်း၊ ၁၉၉၁ခုနှစ် တမခ(၂၂)တွင် စစ်ဦးစီးမှူး (ဒုတိယတန်း)အဖြစ်လည်းကောင်း၊ ၁၉၉၂ခုနှစ်မှ ၁၉၉၃ခုနှစ်အထိ ခလရ (၂၃၀)တွင် ဒုတိယတပ်ရင်းမှူး အဖြစ်လည်းကောင်း၊ ၁၉၉၄ခုနှစ်မှ ၁၉၉၈ခုနှစ်အထိ ခမရ(၄၂၃)တွင် တပ်ရင်းမှူး အဖြစ် လည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ ၁၉၉၉ခုနှစ်အထိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဦးစီးမှူး (ပထမတန်း) ၊ ၁၉၉၉ခုနှစ်မှ ၂၀၀၁ခုနှစ်အထိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့တွင် စစ်ဗျူဟာမှူး အဖြစ် လည်းကောင်း ၊ ၂၀၀၁ခုနှစ်မှ ၂၀၀၃ခုနှစ် အထိ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး အဖြစ် လည်းကောင်း၊ ၂၀၀၃ခုနှစ်၊ အောက်တိုဘာလမှ ၂၀၀၄ခုနှစ် အောက်တိုဘာလအထိ သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၄ခုနှစ် အောက်တိုဘာလ မှ ယနေ့အထိစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ်တာဝန်များ ထမ်းဆောင်လျက်ရှိသည်။

နိုင်ငံတော်မှချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ် (၅၇/၃)၊ ပြည်သူ့ စစ်တိုက်ပွဲဝင်တံဆိပ်(၅၇/၃)၊ နိုင်ငံတော်အေးချမ်းသာယာရေး တံဆိပ် (၁၃/၁)၊ မိုင်းယန်း-မဲသဝေါတိုက်ပွဲ တံဆိပ်(၁၄၃/၈၉)၊ စစ်မှုထမ်းသက် ၁၅နှစ်တံဆိပ်(၃၅/၉၀) ၊ရန်ငြိမ်းအေး တံဆိပ်(၇၁၆/၉၅) ၊တပ်မတော် ဂုဏ်ဆောင်စစ်မှုထမ်းတံဆိပ်၊ နိုင်ငံတော်အကျိုးဆောင်တံဆိပ် စစ်ပွဲတံဆိပ်(၈၈/၉၀) အစရှိသဖြင့် စုစုပေါင်း ဘွဲ့တံဆိပ်(၉)ခု ရရှိခဲ့ သည်။