ဦးသက်နိုင်ဦး(ရေဖြူမဲဆန္ဒနယ်)

အမည်

ဦးသက်နိုင်ဦး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၆/ထဝန(နိုင်)၀၀၀၂၃၈

မွေးသက္ကရာဇ်/အသက်

၃-၃-၁၉၇၂/(၄၃)နှစ်

မွေးဖွားရာဇာတိ

ဝဲကျွန်းထိန်လယ်ရပ် ထားဝယ်မြို့

ပညာအရည်အချင်း

ဥပဒေဘွဲ့

လက်ရှိအလုပ်အကိုင်

ဥယျာဉ်ခြံ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအောင်ဝင်း၊ ၆/ထဝန(နိုင်)၀၂၀၂၄၉၊ မူလတန်းကျောင်းအုပ်(အငြိမ်းစား)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ယုစိန်၊ ၆/ထဝန(နိုင်)၀၂၀၃၆၁၊စက်ချုပ်

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မူမူကြည်၊ ၆/ရဖန(နိုင်)၀၀၀၀၂၈၊ ဈေးရောင်း

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မကောင်းသက်နိုဇင်၊ ၆/ထဝန(နိုင်) ၁၃၄၈၅၈၊ ကျောင်းသူ(နဝမတန်း)

(၂) မောင်ပိုင်မောင်မောင်သန့်၊ကျောင်းသား (စတုတ္ထတန်း)

(၃) မောင်နေလင်းလင်းသန့်

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၆၀)၊ ရေးလမ်း၊ (ဂ)ရပ်ကွက် ရေဖြူမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့၊ ဥက္ကဋ္ဌ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရေဖြူမြို့နယ်(ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က သူငယ်တန်းကို ထားဝယ်မြို့၊ ဘဝပင်ကျေးရွာ၊ မူလတန်းကျောင်း တွင်လည်းကောင်း၊ ပထမတန်းမှ အဋ္ဌမတန်းအထိ ထားဝယ်မြို့၊ ဝဲကျွန်းအစိုးရ (အလယ်တန်းကျောင်း) တွင်လည်းကောင်း၊ နဝမတန်းမှ ဒသမတန်းအထိ အ.ထ.က (၄) ထားဝယ်မြို့တွင် လည်းကောင်း သင်ယူခဲ့ပြီး ပထမနှစ်မှ နောက်ဆုံးနှစ်အထိ ရန်ကုန် တက္ကသိုလ်(အဝေးသင်ဌာန)တွင် တက်ရောက် ခဲ့သည်။ ၁၉၉၁ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ထားဝယ်မြို့နယ်၊ ပညာရေးဌာနတွင် မူလတန်းပြဆရာအဖြစ်လည်းကောင်း၊ ၁၉၉၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ရေဖြူမြို့နယ်၊ ကျန်းမာရေးဌာနတွင် ကျန်းမာရေးကြီးကြပ်အဆင့်(၂) အဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့၊ ဥက္ကဋ္ဌ အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။