ဗိုလ်ချုပ်သန်းထွတ်သိန်း (တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် )

အမည်

ဗိုလ်ချုပ်သန်းထွတ်သိန်း

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၁၉၆၄၂

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/မဘန(နိုင်)၀၁၂၀၆၇

မွေးသက္ကရာဇ်/အသက်

၂၀-၁၂-၁၉၆၂/(၅၃)နှစ်

မွေးဖွားရာဇာတိ

တွံတေးမြို့၊ ရန်ကုန်တိုင်းဒေသကြီး

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့( စစ်တက္ကသိုလ်)၊ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)

လက်ရှိအလုပ်အကိုင်

ဒုတိယတပ်မတော်၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကျော်သိန်း၊ ၁၂/ဥကတ(နိုင်)၁၀၅၂၄၅၊ ဗိုလ်မှူးကြီး(ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်သန်းဝင်း (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ကြည်ပြာ၊ ၁၂/လမန(နိုင်)၀၈၆၀၀၇၊ ပါမောက္ခချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မောင်ရဲဖြိုး၊ ၁၃/ကတန(နိုင်)၁၅၇၀၈၁ ဒု-အကောက်ခွန်မှူး၊ အကောက်ခွန်ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး

အမြဲတမ်းနေရပ်လိပ်စာ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်း၊ ခရေရိပ်သာ(၁)၊ တိုက်အမှတ်(၅)

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ဒုတိယအကြိမ်)

   

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

၁၉၆၈ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ အ.ထ.က(၄) အလုံ၌ သူငယ်တန်းမှစ၍ ဆဋ္ဌမတန်းအထိလည်းကောင်း၊ ၁၉၇၄ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ အ.ထ.က(၃) မိတ္ထီလာ၌ သတ္တမတန်းအထိလည်းကောင်း၊ ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ အ.ထ.က(၁) သန်လျင်၌လည်းကောင်း၊ ၁၉၈၀ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အ.ထ.က (၂) ဒဂုံနှင့် ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေတွင်လည်းကောင်း ပညာသင်ကြားခဲ့ သည်။ ၁၉၈၂ ခုနှစ်တွင် စစ်တက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၇)သို့ တက်ရောက်ခဲ့ပါသည်။
၁၉၈၆ ခုနှစ်တွင် ခမရ(၁၀၁)၌ တပ်စုမှူးအဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ် မှ ၁၉၉၁ ခုနှစ်အထိ ခလရ(၉၁)နှင့် ခမရ(၃၅)တို့တွင် တပ်စုမှူး/တပ်ခွဲမှူးအဖြစ် လည်းကောင်း၊ ၁၉၉၂ ခုနှစ်၊ သြဂုတ်လမှ ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကကကြည်း(စီမံ)တွင် စစ်ဦးစီးမှူး (တတိယတန်း)အဖြစ်လည်းကောင်း၊ ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလမှ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလအထိ ခလရ(၉၈)ဖျာပုံတွင် တပ်ခွဲမှူး (ဗိုလ်မှူး)အဖြစ်လည်းကောင်း၊ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၀၁ ခုနှစ်၊ ဇူလိုင်လ အထိ စစ်ရေးချုပ်ရုံး၊ ရေး-၅(က)သို့ ဒုတိယလက်ထောက်စစ်ရေးချုပ်အဖြစ်လည်း ကောင်း၊ ၂၀၀၁ ခုနှစ်၊ ဇူလိုင်လမှ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလအထိ ခမရ(၂၁၄)တွင် ဒုတိယတပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလအထိ ခမရ(၁၁၅)တွင် တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလအထိ တြိဂံဒေသတိုင်းစစ်ဌာန ချုပ်၊ စစ်ဘက်ရေးရာလုံခြုံရေးဌာနတွင် စစ်ဦးစီးမှူး(ပထမတန်း)အဖြစ်လည်း ကောင်း၊ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအထိ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးစီမံရေးနှင့် အုပ်ချုပ်ရေးဌာနတွင် ဌာနကြီး မှူးအဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့အထိ စစ်ဘက်ရေးရာ လုံခြုံရေးဌာန(ပြည်တွင်း) ဌာနကြီးမှူးအဖြစ် လည်းကောင်း၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ယနေ့အထိ ဒုတိယတပ်မတော် စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲတံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေးတံဆိပ်၊ မိုင်းယန်း/မဲသဝေါတိုက်ပွဲဝင်တံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ စစ်မှုထမ်းသက် ၁၅ နှစ်၊ နိုင်ငံအကျိုးဆောင်တံဆိပ်၊ စစ်ပွဲတံဆိပ်၊ (၇၄-၈၈)(၈၈- ၉၀)၊ ခြေလျင်တပ်စုမှူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်ခွဲမှူး သင်တန်းတံဆိပ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းတံဆိပ်၊ စစ်မှုထမ်းသက် ၂၀ နှစ်တံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ တိုက်ပွဲတံဆိပ်(လောက်ကိုင်)၊ တိုက်ပွဲတံဆိပ် (ရွှေလင်းယုန်)တို့ကို ရရှိခဲ့ပါသည်။