ဦးရွှေမောင်(ခ)ဦးအဒူရော်ဇက် ( ဘူးသီးတောင် မဲဆန္ဒနယ်)

အမည်

ဦးရွှေမောင်(ခ)ဦးအဒူရော်ဇက်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

မြန်မာ/ မူဆလင်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ပဇတ(နိုင်)ဝ၃၆၃၀၆

မွေးသက္ကရာဇ်/အသက်

၃၀.၆.၁၉၆၅ / (၄၆)နှစ်

မွေးဖွားရာဇာတိ

မြို့မရဲတန်းလျား၊ ဘူးသီးတောင်မြို့

ပညာအရည်အချင်း

B.E (Mechanical) IHDNB

လက်ရှိအလုပ်အကိုင်

မန်နေဂျင်းဒါရိုက်တာ၊ CyberBase Technology

အဘအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအဒူဟာဒီ၊ AK -၀၉၂၃၅၇၊ မှီခို

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးစိန်၊ AK -၀၉၂၃၅၃၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်တင်ဝင်း၊ ၁၂/တမန (နိုင်) ၀၉၀၃၉၅၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မရွှေရည်ဝင်း၊ ၁၂/ပဇတ (နိုင်)၀၃၆၃၀၇၊ ကျောင်းသူ

(၂) မောင်မင်းရွှေမောင်ထက်၊ ၁၂/ပဇတ (နိုင်)၀၃၆၃၅၉၊ ကျောင်းသား

(၃) မောင်မင်းစည်သူမောင်၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၅၆)၊ အခန်း(၇-က)၊ မဟာဗန္ဓုလလမ်း၊ ပုဇွန်တောင်မြို့နယ်။

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဘူးသီးတောင်မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ငယ်စဥ်က ၁၉၇၁-၁၉၇၆ ခုနှစ်အထိ အ.လ.က ကျောက်တော်မြို့၊ ၁၉၇၆-၁၉၇၈ ခုနှစ်အထိ အ.ထ.က ပုဏ္ဏားကျွန်းမြို့နှင့် ၁၉၇၈-၁၉၈၃ ခုနှစ်အထိ အ.ထ.က ဘူးသီးတောင်မြို့တို့တွင် အခြေခံပညာများ သင်ယူခဲ့သည်။ ၁၉၈၃-၁၉၉၄ ခုနှစ်အထိ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ပြီး B.E (Mechanical) IHDNB ဘွဲ့ရရှိခဲ့သည်။

  ကျောက်တံတားမြို့နယ် Cyber Technology တွင် MD အဖြစ်လည်းကောင်း၊ ရန်ကုန်မြို့ နတ်မောက်လမ်း၊ UNWFP တွင် Operations Assistance အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

  ဘူးသီးတောင်ရေးရာကော်မတီဥက္ကဋ္ဌနှင့် ဘူးသီးတောင် မောင်တောဒေသဖွံ့ဖြိုးရေးအသင်း ဗဟိုကော်မတီဝင်အဖြစ် ထမ်းဆောင်ခဲ့သည်။

 ၇.၁၁.၂၀၁၀ ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခဲ့ရာ ထောက်ခံဆန္ဒမဲ(၅၁၉၈၅) ဖြင့် အနိုင်ရရှိခဲ့သည်။