ဦးဝင်းစိန်(က၀ မဲဆန္ဒနယ်)

အမည်

ဦးဝင်းစိန်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၀/မဒန (နိုင်) ဝ၃၁၀၅၇

မွေးသက္ကရာဇ်/အသက်

၁၂-၉-၁၉၄၆/ (၆၄) နှစ်

မွေးဖွားရာဇာတိ

အေးမွန်ကျေးရွာ၊ ကဝမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး

ပညာအရည်အချင်း

သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်)

လက်ရှိအလုပ်အကိုင်

ဗိုလ်မှူးချုပ် (အငြိမ်းစား)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအောင်ကျော် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်သိန်း (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဝေဝေသင်း၊ ၁၀/မဒန (နိုင်) ၀၁၀၀၇၃၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မနှင်းသီတာဝင်း၊ ၁၀/ရပသ (နိုင်) ဝ၃၆၄၁၉၊ ကလေးအထူးကုဆရာဝန်၊ သင်္ဃန်းကျွန်းစံပြဆေးရုံ၊ ရန်ကုန်မြို့၊
(၂) မောင်ဇော်ထက်၊ ၇/ပမန
(နိုင်) ဝ၀၀၆၆၉၊ ဓါတ်မှန်ဆရာဝန်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၂၁၅၂) ၊ ရာဇသင်္ဂဟအိမ်ရာ (၂)၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကဝမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို ကဝမြို့နယ် အေးမွန်ကျေးရွာ မူလတန်းကျောင်းတွင် လည်းကောင်း၊ အထက်တန်းပညာကို ပဲခူးမြို့ GEI အထက်တန်းကျောင်းနှင့် အမျိုးသား အတန်းမြင့်ကျောင်း အထက (၃) ပဲခူးမြို့တို့တွင် သင်ကြားခဲ့သည်။ စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့ရရှိခဲ့သည်။

ဗိုလ်လောင်းအဖြစ် စစ်တက္ကသိုလ်တွင် (၁၉၆၄-၁၉၆၉) အထိ လည်းကောင်း၊ တပ်စုမှူး အဖြစ် ခလရ (၆၉၇) တွင် (၁၉၆၉-၁၉၇၂) အထိလည်းကောင်း၊ တပ်စုမှူး/ တပ်ခွဲမှူး၊ တပ်ထောက်၊ တပ်ရေး တာဝန်များကို ခလရ (၃၂) တွင် (၁၉၇၂-၁၉၇၉) ထိ လည်းကောင်း၊ တပ်ရေးတာဝန်ကို ခမရ (၃) တွင် (၁၉၇၉-၁၉၈၀) ထိ လည်းကောင်း၊ ဦးစီးဗိုလ်ကြီး တာဝန်အဖြစ် ကကထောက် တွင် (၁၉၈၀-၈၃) ထိ လည်းကောင်း၊ တပ်ခွဲမှူး (ဗိုလ်မှူး) အဖြစ် ချင်း(၃) တွင် (၁၉၈၃-၁၉၈၆) အထိ လည်းကောင်း၊ ဦးစီး (ဒု) (ရေး/ထောက်) တာဝန်အဖြစ် တမခ (၆၆) တွင် (၁၉၈၆-၁၉၈၇) အထိ လည်းကောင်း၊ ဒုတပ်ရင်းမှူး အဖြစ် ခမရ (၂) တွင် (၁၉၈၇-၁၉၈၉) အထိလည်းကောင်း၊ တပ်ရင်းမှူး တာဝန်ကို ခလရ (၈၁) တွင် (၁၉၈၉-၁၉၉၂) အထိ လည်းကောင်း၊ စစ်ဦးစီးမှူး (ပထမတန်း) (ဦး/ရေးထောက်) တာဝန်ကို တမခ (၇၇) တွင် (၁၉၉၂-၁၉၉၃) အထိ လည်းကောင်း၊ စစ်ဗျူဟာမှူး တာဝန်ကို အခြေချ စစ်ဗျူဟာ (ဘူးသီးတောင်) တွင် (၁၉၉၃-၁၉၉၅) အထိ လည်းကောင်း၊ နည်းဗျူဟာမှူး အဖြစ် စကခ (၉) တွင် ၁၉၉၉ ဧပြီမှ နိုဝင်ဘာလအထိ လည်းကောင်း၊ဒကစ မှူး အဖြစ် စကခ (၁၂) တွင် ၁၉၉၅-၁၉၉၆ အထိ လည်းကောင်း၊ ဒုစကခမှူးအဖြစ် ဒကစ (မိုင်းဆက်) တွင် (၁၉၉၆-၁၉၉၈) နှင့် ဒကစ (ဗန်းမော်) တွင် (၁၉၉၈) အထိ လည်းကောင်း၊ အဆင့်မြင့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အလုပ်သမား ဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီး အဖြစ် (၁၉၉၈-၂၀၀၆) အထိ ဆောင်ရွက်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှ ယခုအချိန်အထိ ဒုတိယဝန်ကြီး တာဝန်အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ဆက်လက်ထမ်းဆောင်လျက်ရှိသည်။

ဒုတိယ ဝန်ကြီးတာဝန်ဖြင့် မိမိ မြို့နယ်ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး ရရှိရေး၊ အော်တို တယ်လီဖုန်း ရရှိရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်မှ ချီးမြှင့်သော သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်၊ စစ်မှုထမ်းကောင်း တံဆိပ်၊ တပ်မတော် ရွှေရတု တံဆိပ်နှင့် သင်္ဂဟ တံဆိပ်တို့ကို ရရှိခဲ့သည်။