ဦးသိန်းဆွေ (အမ်းမဲဆန္ဒနယ်)

အမည်

ဦးသိန်းဆွေ

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂ /ဒဂန(နိုင်) ၀၁၀၄၃၇

မွေးသက္ကရာဇ်/အသက်

၄.၈.၁၉၄၉ / (၆၁)နှစ်

မွေးဖွားရာဇာတိ

 

ပညာအရည်အချင်း

B.Sc (D.S.A),DIPLOMA IN DEFENCE STUDIES, HONORARY ACADEMIC DOCTORATE (JAPAN INTERNATIONAL MARINE SCIENCE & TECHNOLOGY FEDERATION – JIMSTEF)

FELLOW OF THE ROYAL INSTITUTION OF NAVAL ARCHITECTS (UK)

လက်ရှိအလုပ်အကိုင်

ဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအေးမောင်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြည်ကြည်

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြသိင်္ဂီ (ခ)ဒေါ်ရီရီ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ဘုန်းပိုင်ဦး

(၂) မဖြူသန့်ပိုင်

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၀၈၄)၊ ဥတ္တရသီရိမြို့သစ်၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမ်းမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က ၁၉၅၄ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ အရှေ့ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ် အ.မ.ကတွင် ပညာသင်ကြားခဲ့ပြီး အလယ်တန်းမှ အထက်တန်းအထိ အ.ထ.က(၃)တာမွေ၊ ရန်ကုန်မြို့တွင် ပညာသင်ကြားခဲ့ပါသည်။

၁၉၆၇ ခုနှစ်မှ ၁၉၇၁ ခုနှစ်၊ ဧပြီလအထိ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဥ် (၁၃)သို့ တက်ရောက်ခဲ့ပါသည်။

၁၉၇၁ ခုနှစ် ဧပြီလမှ ၁၉၈၈ ခုနှစ်အထိ တပ်မတော် ကြည်းတွင် ဒုတိယဗိုလ်အဆင့်မှ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ဒုတိယတပ်ရင်းမှူးဖြင့် တာဝန် ထမ်းဆောင် ခဲ့ပါသည်။ ၁၉၉၀ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ခလရ(၂၃၈)တွင် တပ်ရင်းမှူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ ၁၉၉၅ ခုနှစ်၊တမခ(၁၀၁)တွင် စစ်ဦးစီးမှူး (ပ) (ဦး/ရေး/ထောက်) တွင်လည်းကောင်း၊ ၁၉၉၅ ခုနှစ်၊ ၁၉၉၆ ခုနှစ်တွင် နတခတွင် စစ်ဗျူဟာမှူးတာဝန်ဖြင့်လည်းကောင်း၊ ၁၉၉၆ ခုနှစ်၊ ၁၉၉၈ ခုနှစ် စကခ(၇)တွင် ဒု-စကခမှူးတာဝန်ဖြင့်လည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ စကခ(၆)တွင် စကခမှူး တာဝန်ဖြင့်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ လကခတွင် ဒု-လကခချုပ် (စစ်မဟာဗျူဟာလေ့လာရေး) တာဝန်ဖြင့်လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ဝန်ကြီးချုပ်ရုံးတွင် ဝန်ကြီးတာဝန်ဖြင့်လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ယနေ့အထိ ပို့ဆောင်ရေးဝန်ကြီးဌာနတွင် ဝန်ကြီး တာဝန်ဖြင့်လည်းကောင်း အသီးသီးတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။