ဗိုလ်မှူးချုပ်အောင်သီဟ(တပ်မတော်သားကိုယ်စားလှယ်)

အမည်

ဗိုလ်မှူးချုပ်အောင်သီဟ

အခြားအမည်

သီဟ

ပြန်တမ်းဝင်အမှတ်

ကြည်း ၁၇၃၁၉

လူမျိုး/ဘာသာ

ဗမာ+ရှမ်း/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၀/မဒန(နိုင်)၀၁၁၄၉၂

မွေးသက္ကရာဇ်/အသက်

၂၂-၁-၁၉၆၁/(၅၇) နှစ်

မွေးဖွားရာဇာတိ

မြစ်ကြီးနားမြို့

ပညာအရည်အချင်း

မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)

လက်ရှိအလုပ်အကိုင်

ဒုတိယတိုင်းမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအောင်ကြည် (ကွယ်လွန်)၊ လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယအဆင့်)၊ သွေးစာပေ၊ စာနယ်ဇင်းကိုယ်စားလှယ်၊ မြစ်ကြီးနားမြို့

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မမလေး (ကွယ်လွန်)၊ သွေးစာပေ၊ စာနယ်ဇင်းကိုယ်စားလှယ်၊ မြစ်ကြီးနားမြို့

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နီလာသင်း၊ ၁၀/မဒန(နိုင်)၀၁၂၃၉၇၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါက်တာဝတ်ရည်သီဟအောင်၊ ၁၀/ရမန(နိုင်)၁၅၇၀၅၃၊ လက်ထောက် ဆရာဝန်

(၂) ဒေါက်တာမေဖူးပွင့်ခင်၊ ၁၂/လမန(နိုင်)၁၄၈၁၃၈၊ လက်ထောက်ဆရာဝန်
(၃) မအိမြတ်သူအောင်၊ ၁၂/တကန(နိုင်) ၁၇၃၃၇၃၊ တတိယနှစ် နိုင်ငံတကာဆက်ဆံရေး

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၁၈/ဘီ)၊ စံပယ်ဖြူလမ်း၊ ခရေပင် ရိပ်မွန်(၂)၊ အမှတ်(၁)ရပ်ကွက်၊ မင်္ဂလာဒုံမြို့၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ဒုတိယအကြိမ်)

   

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ၁၉၆၆ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ အ.မ.က(၆) မြစ်ကြီးနား မြို့နှင့် ၁၉၇၂ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ အ.ထ.က(၁) မြစ်ကြီးနား မြို့တို့တွင် သင်ကြားခဲ့ပြီး ၁၉၇၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ကချင် ပြည်နယ်ဒေသကောလိပ် (မြစ်ကြီးနားမြို့)၊ ၁၉၈၄ ခုနှစ်မှ ၁၉၈၆ ခုနှစ် အထိ ဘားအံစာပေးစာယူတက္ကသိုလ် (ဘားအံမြို့)နှင့် ၂၀၀၂ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ တောင်ကြီးအဝေးသင်တက္ကသိုလ်(တောင်ကြီးမြို့)၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ စစ်ဦးစီးတက္ကသိုလ် ကလောမြို့နှင့် ၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ ရန်ကုန်မြို့တို့၌ တက်ရောက်ခဲ့ပါသည်။
ကျောင်းသားဘဝတွင် မြစ်ကြီးနားမြို့၊ ပူတာအိုမြို့တို့တွင် သတင်း စာပို့ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ ကြက်ခြေနီအသင်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

စစ်မှုထမ်းတာဝန်ဖြင့် ပူတာအိုမြို့၊ ဘားအံမြို့၊ ကျောက်တစ်လုံး၊ မုဒုံမြို့၊ ပုသိမ်မြို့၊ ဘူးသီးတောင်မြို့၊ ပြည်မြို့၊ ဝင်းပ-သိမ်ဆိပ်၊ ရေးမြို့၊ ဗထူးမြို့၊ ကလေးမြို့၊ တိုက်ကြီးမြို့၊ ပြည်တောင်-မြစ်ကြီးနားမြို့နှင့် နေပြည် တော်နှင့် မော်လမြိုင်မြို့တို့တွင် အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့သည်။ လက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဒုတိယတိုင်းမှူးတာဝန် ထမ်းဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံစစ်မှုထမ်းကောင်းတံဆိပ်နှင့် မြန်မာနိုင်ငံစစ်မှုထမ်း သင်္ဂဟ တံဆိပ်တို့ ရရှိခဲ့ပါသည်။

ပထမအကြိမ်ပြည်သူ့လွှတ်တော်သက်တမ်းတွင် တပ်မတော်သား ပြည်သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တတိယပုံမှန်အစည်းအဝေး (၁၉)ရက် မြောက်နေ့ ၂၄.၄.၂၀၁၂ ရက်နေ့မှ စတင်၍ ပြီးဆုံးသည်အထိ တာဝန် ထမ်းဆောင်ခဲ့ပါသည်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပထမပုံမှန်အစည်းအဝေးပထမနေ့ (၁.၂.၂၀၁၆)ရက်နေ့မှ စတင်၍ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။