|
အမည် |
ဦးရဲထွန်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ရခိုင်/ ဗုဒ္ဓဘာသာ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၁/သတန(နိုင်)ဝဝ၅၆၇၈ |
|
မွေးသက္ကရာဇ်/အသက် |
၂.၈.၁၉၅၀ / (၆၀)နှစ် |
|
မွေးဖွားရာဇာတိ |
သံတွဲမြို့ |
|
ပညာအရည်အချင်း |
အေဂျီတီအိုင် (မြို့ပြ) |
|
လက်ရှိအလုပ်အကိုင် |
ကုန်သည် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးကိုလေး (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးရှင် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်ဝင်း၊ ၁၁/သတန(နိုင်)၀၀၅၆၅၀၊ အထက်တန်းပြဆရာမ ( ငြိမ်း ) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၁၁၁)၊ တာဝတိံသာလမ်း၊ အမှတ်(၃)ရပ်ကွက်၊ သံတွဲမြို့။ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သံတွဲမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အ.မ.က(၁)၊ အ.ထ.က(၁)ကျောင်း သံတွဲနှင့် လူငယ်ရေးရာညကျောင်း(သံတွဲမြို့)တို့၌ ပညာ သင်ကြားခဲ့သည်။ မန္တလေးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံတွင် ပညာများဆက်လက်ဆည်းပူးခဲ့ပြီး အေဂျီတီအိုင်(မြို့ပြ) ရရှိခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ရန်ကုန်မြို့ ဂါဒီယန်းသတင်းစာတိုက်တွင် အကူစာရေး၊ ၁၉၇၄ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ သံတွဲမြို့ ဆောက်လုပ်ရေးကော်ပိုရေးရှင်းတွင် လုပ်ငန်းပြအင်ဂျင်နီယာ(စ)၊ ၁၉၇၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ဘုတ်ပြင်းမြို့နယ် ရတနာပုံသတ္တုတွင်းတွင် လ/ထမြို့ပြအင်ဂျင်နီယာ(၁)နှင့် အမှတ်(၂) သတ္တုတူးဖော်ရေး ကော်ပိုရေးရှင်းတွင် လ/ထမြို့ပြအင်ဂျင်နီယာ(၂)၊ ၁၉၈၃ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ဟာမြင်းကြီးသတ္တုတွင်း စီမံကိန်း၊ ထားဝယ်မြို့နယ် အမှတ်(၂)သတ္တုတူးဖော်ထုတ်လုပ်ရေးကော်ပိုရေးရှင်းတွင် လ/ထ အင်ဂျင်နီယာ(၂)၊ ၁၉၈၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ သိန္ဓောသတ္တုတွင်းစီမံကိန်း၊ တနင်္သာရီမြို့နယ် အမှတ်(၂)သတ္တုတူးဖော် ထုတ်လုပ်ရေးကော်ပိုရေးရှင်းတွင် လ/ထမြို့ပြအင်ဂျင်နီယာ(၂)၊ ၁၉၈၆ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ မြို့ပြအင်ဂျင်နီယာ ဌာနခွဲ အမှတ်(၂) သတ္တုတူးဖော်ထုတ်လုပ်ရေးကော်ပိုရေးရှင်း (ရုံးချုပ်) ရန်ကုန်မြို့တွင် လ/ထမြို့ပြအင်ဂျင်နီယာ(၂) တို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ General Soil Engineering Soln Bhd.,K.L., Malaysia တွင် Site Engineer, Site Manager ၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ရန်ကုန်မြို့ ထူးမော်ကုမ္ပဏီလီမိတက်တွင် ငပလီဟိုတယ်တည်ဆောက်ရေး တာဝန်ခံ၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ရန်ကုန်မြို့ ဧဒင်အုပ်စုကုမ္ပဏီလီမိတက် ငပလီအဆင့်မြင့်ဟိုတယ် တည်ဆောက်ရေးစီမံကိန်းတွင် တာဝန်ခံ အင်ဂျင်နီယာအဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် သံတွဲမြို့၊ ငပလီငှက်ပျောချောင်းဆည် တည်ဆောက်ရေးတွင် လုပ်အားပေးအဖွဲ့ဝင်၊ ၁၉၆၈ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ သံတွဲမြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့တွင် တပ်ကြပ်ကြီး၊ သံတွဲမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် တပ်စုမှူး/နည်းပြ၊ ၁၉၇၂ ခုနှစ်တွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အသုံးလုံးကျေသင်တန်းတွင် လုပ်အားပေးသင်တန်းဆရာ ၊ ၁၉၇၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ၊ သံတွဲမြို့နယ်ပါတီယူနစ် အောင်ခြေမျက်နှာစုံညီကျင်းပရေးကော်မရှင်နှင့် သံတွဲမြို့နယ် လမ်းစဥ် လူငယ်စည်းရုံးရေးကော်မတီတို့တွင် အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၃ ခုနှစ်အထိ အခြေခံစားသုံးသူ သမဝါယမအသင်းနှင့် ရတနာပုံသတ္တုတွင်းစီမံကိန်းတွင် တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ၊ သံတွဲမြို့နယ်ပါတီယူနစ်၊ မြန်မာ့စိုက်ပျိုးရေးကြီးကြပ်ကော်မတီနှင့် ၁၉၉၃ ခုနှစ်မှ ၁၉၉၄ ခုနှစ်ထိ သံတွဲမြို့နယ် ဒွာရာဝတီမဂ္ဂဇင်း ဖြစ်မြောက်ရေးနှင့် ထုတ်ဝေရေးကော်မတီတို့တွင် ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ သံတွဲမြို့နယ် အမျိုးသားညီလာခံကိုယ်စားလှယ် (တိုင်းရင်းသားလူမျိုးစုအဖွဲ့) တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် (သံတွဲခရိုင်၊ ကော်မရှင်အဖွဲ့ခွဲ)တွင် အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ကြံ့ခိုင်ပျော်ရွှင်နှင့်အခြေခံစစ်ပညာသင်တန်း၊ ခလရ(၅၅)၊ ငပလီနှင့် ရပ်ကွက် လူမှုရေးသင်တန်း၊ လူမှုဝန်ထမ်းဝန်ကြီးဌာန၊ သံတွဲမြို့သို့ တက်ရောက်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် သံတွဲမြို့ အရန်မီးသတ်သင်တန်းနှင့် ကြက်ခြေနီနည်းပြသင်တန်းသို့တက်ရောက်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် စစ်တွေမြို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ၊ အခြေခံအလုပ်သမားရေးရာသင်တန်းသို့ တက်ရောက်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် အခြေခံပြည်သူ့ရေးရာဝန်ထမ်းသင်တန်း (ဖောင်ကြီး)၊ ဇေယျ- ၃၇ သို့တက်ရောက်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် သံတွဲမြို့ အခြေခံကွန်ပျူတာသင်တန်းနှင့် Desktop Publishing ကွန်ပျူတာသင်တန်းသို့ တက်ရောက်ခဲ့သည်။ |
