|
အမည် |
ဦးခင်မောင်မြင့် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၇/ဇကန (နိုင်) ဝဝ၂၈၉၂ |
|
မွေးသက္ကရာဇ်/အသက် |
၁၂-၁၂-၁၉၅၄/(၅၆)နှစ် |
|
မွေးဖွားရာဇာတိ |
ဈေးလမ်း၊ ဇီးကုန်းမြို့ |
|
ပညာအရည်အချင်း |
L.L.B |
|
လက်ရှိအလုပ်အကိုင် |
တရားရုံးချုပ်ရှေ့နေ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးတင်မောင် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်သန်း၊ ZGN-007516၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်သန်းဌေး၊ ၇/ဇကန (နိုင်) ၀၀၃၆၉၁၊ ဝံပုလွေဖိနပ်တံဆိပ်လုပ်ငန်း |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မနှင်းဝါဝါလွင်၊၇/ဇကန (နိုင်) ဝ၃၉၇၅၂၊ Top Star အထည်ဆိုင်၊ မြို့မဈေး၊ နေပြည်တော်၊ |
|
အမြဲတမ်းနေရပ်လိပ်စာ |
ဈေးလမ်း၊ အမှတ်(၅) ရပ်ကွက်၊ ဇီးကုန်းမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဇီးကုန်းမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အခြေခံပညာကို အ-မ-က ဘုရားကြီးရပ်၊ အ-လ-က ဇီးကုန်းမြို့နယ်နှင့် အ-ထ-က ကြည့်မြင့်တိုင် (ရာကျုံး)ကျောင်း၊ ရန်ကုန်မြို့တို့တွင် ပညာသင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး L.L.B ဘွဲ့ကိုရရှိခဲ့သည်။ ဈေးလမ်း ဇီးကုန်းမြို့တွင် မိဘလက်ငုတ် ဝံပုလွေတံဆိပ် ဖိနပ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ ဇီးကုန်းမြို့နယ် ဘိုးဘွားရိပ်သာကော်မတီနှင့် မြို့မဈေးသာယာရေး ကော်မတီတို့တွင် နာယက အဖြစ်လည်းကောင်း၊ ကျန်းမာရေး ကော်မတီနှင့် ကြက်ခြေနီ အသင်းတွင် အမှုဆောင်အဖြစ် လည်းကောင်း ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် မြို့နယ်အမှုဆောင်အဖြစ်လည်းကောင်း၊ ဆန္ဒခံယူပွဲတွင် ကော်မရှင်အဖြစ်လည်းကောင်း၊ အမျိုးသားညီလာခံ ကိုယ်စားလှယ် (တိုင်းရင်းသားလူမျိုး အစုအဖွဲ့) အဖြစ်လည်းကောင်း၊ အခြေခံနိုင်ငံရေးသင်တန်းအမှတ်စဉ် (၅၂) မင်္ဂလာဒုံမြို့တို့တွင် တက်ရောက်ခဲ့ပြီး လူမှုရေးတာဝန်များပါဝင် ဆောင်ရွက်ခဲ့သည်။ |
