ဗိုလ်မှူးကြီးအောင်မြင့် (တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အမည်

ဗိုလ်မှူးကြီးအောင်မြင့်

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ်

ကြည်း ၁၈၀၂၉

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/လကန(နိုင်)၀၂၉၇၆၄

မွေးသက္ကရာဇ်/အသက်

၉-၉-၁၉၆၂/(၅၄)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်မြို့

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့၊ သမိုင်းအထူးပြု

လက်ရှိအလုပ်အကိုင်

နည်းပြအရာရှိချုပ်၊ တတက(၁၀)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဟန်ထွန်း (ကွယ်လွန်)၊ AB- ၀၄၂၅၃၂၊ စာရင်းကိုင် အထည်အလိပ်ကော်ပိုရေးရှင်း

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်တုတ် (ကွယ်လွန်)၊ AB- ၀၄၂၆၅၆၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းမိုလင်း၊ ၁၂/လကန(နိုင်)၀၂၉၇၆၆၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်သက်ပိုင်ထူး၊ ၁၃/ဖခန(နိုင်) ၀၄၆၇၈၂၊ စာရေးဝန်ထမ်း၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ပခုက္ကူမြို့

(၂) မောင်စိုင်းဟန်စစ်နွမ်၊ ၁၃/ဖခန(နိုင်)၀၄၆၇၈၃၊ ကျောင်းသား

(၃) မောင်စိုင်းမြင့်မြတ်အောင်၊ ၁၃/ကမန(နိုင်) ၁၃၂၉၁၅၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၄၆) ဗိုလ်ချုပ်လမ်း၊ (၁)ရပ်ကွက်၊ မိုင်းကိုင်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(ဒုတိယအကြိမ်)

   

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အ.မ.က(၂)ရန်ကင်း၊ အ.ထ.က(၂)ရန်ကင်း၊ အစိုးရစက်မှုသိပ္ပံ(အင်းစိန်)၊ ပထမနှစ် မြို့ပြသင်တန်း၊ မန္တလေးတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့ (သမိုင်း)ရရှိခဲ့ပါသည်။ စစ်ဦးစီးတက္ကသိုလ်သို့လည်း ဆက်လက်တက်ရောက်ခဲ့သည်။
ကချင်(၄) မိတ္ထီလာမြို့တွင် တပ်စုမှူးအဖြစ်လည်းကောင်း၊ ခလရ(၈) ဘီးလင်းမြို့တွင် တပ်စုမှူးအဖြစ်လည်းကောင်း၊ ခမရ(၂၁၄) ရဲမွန်တွင် ဆက်သွယ် ရေးအရာရှိ တပ်ရေးအဖြစ်လည်းကောင်း၊ ခမရ(၄၂၅) ဘန်းယဉ်တွင် တပ်ရေး တပ်ခွဲမှူးအဖြစ်လည်းကောင်း၊ ခမရ(၃၃၈) လှိုင်းဘွဲ့တွင် ဌာနချုပ် တပ်ခွဲမှူးအဖြစ် လည်းကောင်း၊ တမခ(၁၁) အင်းတိုင်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်မှူးအဖြစ် လည်းကောင်း၊ ခမရ(၅၅၃) မိုင်းတွမ်းတွင် ဒုတိယတပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ခမရ (၃၃၆) ဖယ်ခုံတွင် တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ တမခ(၁၀၁) ပခုက္ကူတွင် စစ်ဦးစီးမှူး(ပထမတန်း) (ဦး/ရေး/ထောက်)အဖြစ်လည်းကောင်း၊ စကခ(၆) သဲဖြူ (လယ်ဝေး)တွင် နည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ စကခ(၁)ကျောက်မဲတွင် နည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ ဒကစ(လွိုင်ကော်မြို့)တွင် ဒုတိယဒေသကွပ်ကဲ ရေးမှူးအဖြစ်လည်းကောင်း၊ စဗခ(ကွတ်ခိုင်)တွင် စစ်ဗျူဟာမှူး(အခြေချ)အဖြစ် လည်းကောင်း၊ တတက(၁၀)ကလေးမြို့တွင် နည်းပြအရာရှိချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။